ကိုရီးယားအကူအညီဖြင့် လေအိတ်ရထား တည်ဆောက်နေ ကုန်ကျငွေမှာ ခန့်မှန်းမြန်မာငွေ ၄၅ သန်းခန့်ရှိ


ကိုရီးယားမှအကူအညီယူကာ တည်ဆောက်မည့် လေအိတ်ရထား တည်ဆောက်မှုကုန်ကျငွေမှာ ခန့်မှန်းခြေ မြန်မာငွေ ၄၅ သန်းခန့်ရှိကြောင်း ရထားပို့ဆောင်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြောသည်။
ယင်းရထားတည်ဆောက်ပါက ကိုရီးယားမှ အကူ အညီရယူမည်ဖြစ်ကာ လေအိတ်ရထားများ တည်ဆောက် ပြီးပါက လမ်းထိခိုက်မှုနှင့် ရထားထိခိုက်မှုအား လျော့နည်း စေနိုင်ကြောင်းလည်း သိရသည်။

''ကိုရီးယားကနေ အကူအညီ အကုန်လုံးရယူမှာ မဟုတ်ပါဘူး။ လိုအပ်သလောက်ပဲယူမှာပါ။ ဘတ်ဂျက် ပေါ် မူတည်နေတဲ့အတွက်လဲ စဉ်းစားရပါတယ်''ဟု ဝန် ကြီးက ပြောသည်။

ယင်းလေအိတ်ရထား တည်ဆောက်မည်ဆိုပါက ရထားတွဲအစိတ်အပိုင်းကိုသာ ပြည်ပမှရယူမည်ဖြစ်ပြီး ကျန် ရှိသည့် ကိစ္စများအား ပြည်တွင်း၌သာ လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

''ကိုရီးယားကနေ ရထားတွဲအစိတ်အပိုင်းတွေပဲယူ မှာပါ။ တပ်ဆင်ခြင်းတွေ၊ ပြင်ဆင်ခြင်းတွေ အားလုံးကို ပြည်တွင်းမှာပဲ တပ်ဆင်သွားမှာပါ'' ဟု ရထားသွားလာရေး၊ တိုင်းအမှတ်(၇)မှ ဒုတိယအထွေထွေမန်နေဂျာ ဦးဇော်ဖေစိန် ကပြောသည်။

ယင်းတည်ဆောက်မည့်ရထားသည် အောက်ခံ Spring များအား လေအိတ်နှင့်ပြုလုပ်ထားသည့် လေအိတ်ရထား ဖြစ်ကြောင်းလည်း သိရသည်။
''လေအိတ်ရထားဆိုတဲ့အတိုင်း လေအိတ်ပါပါတယ်။ အောက်ခံ Spring တွေက လေအိတ်နဲ့ဆိုတော့ ရထား ခုန်တာတွေ၊ ယိမ်းတာတွေ သိပ်မဖြစ်တော့မှာဖြစ်သလို စီးရတာလဲ ပိုပြီး သက်သောင့်သက်သာရှိလာပါလိမ့်မယ်'' ဟု ယင်းကဆက်လက်ပြောကြားသည်။

TheYangonTimes

0 comments:

Post a Comment