၆ လခန့် အချိန်ယူရဦးမည့် အီဘိုလာတိုက်ဖျက်ရေး


ဆီရီယာလီယွန်ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ အီဘိုလာတိုက်ဖျက်ရေး ကိုယ်စားလှယ် ဒေးဗစ်နာဗားရိုးက အီဘိုလာရောဂါကို တိုက်ခိုက်ဖို့နောက်ထပ် ၆ လအချိန်ယူရဦးမယ်လို့ တနင်္လာနေ့မှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဗြိတိန်ကျန်းမာရေးပညာရှင်တစ်ဦးဖြစ်တဲ့ နာဗားရိုးဟာ အခုကပ်ဆိုးကို တုန့်ပြန်ဖို့အတွက် ကုလသမဂ္ဂကနေ ခန့်အပ်ထားတဲ့သူဖြစ်ပြီး ရောဂါဖြစ်ပွားနေတဲ့ ဒေသကို လာရောက်လေ့လာ နေတာပါ။ သူက အီဘိုလာကို တိုက်ဖျက်ဖို့ဆိုတာဟာ တိုက်ပွဲတစ်ပွဲ မဟုတ်ဘဲ အချိန်ယူပြီး တိုက်ခိုက်ရမယ့် စစ်ပွဲကြီးတစ်ခုဖြစ်ပြီးတော့ အားလုံးက ပြင်းပြင်းထန်ထန် တွဲဖက်လုပ်ကိုင်သွားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင်တွေဟာ ဒီရောဂါဆိုးကို တိုဖျက်သွားဖို့ ကတိ ပေးထားပြီး စတင်ဖြစ်ပွားချိန်ကစလို့ သေဆုံးခဲ့သူ (၁၄၂၇)ယောက်ရှိခဲ့ပြီဖြစ်ပါတယ်။

WHO ကလည်း အီဘိုလာကူးစက်ခံရသူ WHO ၀န်ထမ်း ၂၄၀ ကျော်ရှိပြီး ၁၂၀ ကျော်သေဆုံးခဲ့ပြီးပြီ လို့ တနင်္လာနေ့က ထုတ်ပြန်ခဲ့ပါတယ်။ အနောက်အာဖရိကက နိုင်ငံတစ်ခုဖြစ်တဲ့ ကွန်ဂိုဒီမိုကရက်တစ် နိုင်ငံကလည်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံထဲမှာ အီဘိုလာကူးစက်ခံရမှု နှစ်ခုကို တွေ့ရှိခဲ့တယ်လို့ တနင်္ဂနွေနေ့က ကြေငြာခဲ့ပါတယ်။ လိုက်ဘေးရီးယားနဲ့ ဆီးရီယာလီယွန် တို့မှာ ဆေးကုသမှုပေးနေတဲ့ ဆရာဝန်တွေပါ သေဆုံးခဲ့ရပြီး စမ်းသပ်ဆဲဆေးဝါးနဲ့ ကုသခံနေတဲ့ ဆရာဝန်တစ်ဦး လိုက်ဘေးရီးယားမှာ ထပ်မံသေဆုံးခဲ့တာကြောင့် ကုသနိုင်တဲ့ ဆေးဝါးပေါ်လာဖို့သံသယ၀င်နေကြတယ်လို့လည်း သိရပါတယ်။

0 comments:

Post a Comment