နောင်ချို နှင့် ဂုတ်ထိပ်ကြား ကုန်တင်ရထားတစ်စင်း တွဲချော်မှု ဖြစ်ပွား


ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုး - မန္တလေး မီးရထား လမ်းပေါ် နောင်ချိုဘူတာ နှင့် ဂုတ်ထိပ် ဘူတာကြား မိုင်တိုင်အမှတ် (၄၆၂/၂-၃) တွင် ကုန်တင်ရထား တစ်စင်း တွဲချော်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကုန်တွဲ(၇)တွဲ နှင့် ဘရိတ်တွဲ စုစုပေါင်း(၈) တွဲပါ အမှတ် (၂၅၉) အဆန် ကုန်တင် ရထားသည် နောင်ချိုဘက်မှ ကျောက်မဲဘက် သို့ မောင်းနှင် လာရာ သြဂုတ် ၂၆ ရက် မွန်းလွဲ ၁ နာရီခန့်က နောင်ချို ဘူတာ နှင့် ဂုတ်ထိပ် ဘူတာအကြား မိုင်တိုင်အမှတ် (၄၆၂/၂-၃) သို့ အရောက်၌ မိုးများ ရွာသွန်းထားမှု ကြောင့် မီးရထား၏ ပဉ္စမမြောက် ကုန်တွဲမှစ၍ နောက်ပိုင်း (၄)တွဲ တွဲချော် သွားခဲ့ရာ တွဲအမှတ် (၅)ရှိ ဘီးအမှတ် (၃/၅) အတွင်း ဘက်သို့ ကပ်ကျ၍ ဘီးအမှတ် (၄) အပြင်ဘက်သို့ ကပ်ကျ၊ တွဲအမှတ် (၆) ဘီးအမှတ် (၁/၄/၅/၆) အပြင်ကပ်ကျ၊ ဘီးအမှတ် (၂) မြေနှင့် လွတ်ပြီး လေပေါ်မြောက်၊ ဘီးအမှတ် (၃) အတွင်းကျ၊ ဘီးအမှတ်(၇) သံလမ်း ပေါ်တင်၊ ဘီးအမှတ်(၈) အတွင်းကပ်ကျ၊ တွဲအမှတ်(၇) ဒီဇယ်ဂါလန် ၇၂ဝဝ ပါ ဆီတွဲ ဘီးအမှတ် (၁/၂) အတွင်း ကပ်ကျ၊ ဘိုဂီ အထိုင်ပြုတ်ထွက်၊ ဘီးအမှတ် (၃/၄) သံလမ်းနှင့် လွတ် လေပေါ်မြောက် ဘီးအမှတ် (၅/၆) အပြင်ကျ၊
ဘီးအမှတ် (၇/၈) အပြင်ကျ၍ မြေကြီးထဲ ကျွံဝင်မှု တို့ ဖြစ်ပွားခဲ့ပြီး လူများ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း နှင့် ၄င်းတွဲချော်သည့် ရထားကို ပြင်ဦးလွင် ဘူတာမှ မီးရထား ဝန်ထမ်းများ နှင့် နောင်ချိုဘူတာ မှ သံလမ်းပြင် အင်ဂျင်နီယာ အဖွဲ့တို့ ပူးပေါင်း၍ ပြန်လည် ဆယ်တင် နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်းသိရှိရသည်။

0 comments:

Post a Comment