KDDI နှင့် ပူးပေါင်းထားသည့် MPT ၏ မိုဘိုင်းအင်တာနက် မြန်နှုန်းများ ဆက်တိုက် ကျဆင်းမှုများ ဖြစ်ပေါ်နေပြီ



ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီများနှင့် ပူးပေါင်းပြီးနောက် MPT က ၎င်းတို့၏ အမှတ်တံဆိပ်သစ် ဆင်းမ်ကတ်များကို ပထမဆုံးစတင် ရောင်းချမှုများ ပြုလုပ် လာသော်လည်း MPT မိုဘိုင်းအင်တာနက် အမြန်နှုန်းများသည် ယခုရက်ပိုင်း အတွင်း ယခင်ကထက် ပိုမိုကျဆင်းလျက်ရှိကြောင်း မိုဘိုင်းဖုန်းအသုံး ပြု သူအများစုထံမှ စုံစမ်းသိရသည်။
ယခုလ ၁ ရက်နေ့မှ စတင်၍ ဈေးကွက်အတွင်း၌ Ooredoo ဆင်းမ်ကတ်များနှင့် အပြိုင်ရောင်းချမှုများ ပြုလုပ်လာသည့် MPT ၏ မိုဘိုင်းအင်တာနက် မြန်နှုန်းများသည် ယခင်ကထက် ပိုမိုကောင်းမွန်လာရန် အဆင့်မြှင့်တင် ဆောင်ရွက်မှုများကို ပြုလုပ်နေကြောင်း အဆိုပါကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ တစ်ချိန်တည်းတွင်မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံအကြား ချိတ်ဆက်ထားသည့် SE-ME-WE3 ရေအောက်ကေ ဘယ် ဆက်ကြောင်းသည် ယခုလ ၁၂ ရက်နေ့တွင် စတင်ပြတ်တောက်ခဲ့ပြီး ၁၉.၉.၂၀၁၄ မှ အင်ဒိုနီးရှား ရေပိုင်နက်အတွင်းသို့ ဝင်ရောက်ပြုပြင်ခွင့် ရကြောင်းသိရသည်။
“မိုဘိုင်း အင်တာနက်တွေ ပိုကောင်းလာအောင် လုပ်နေပါတယ်။ အခုလည်း ဆက်သွယ်ရေး ကွန်ရက်တွေ တိုးတက်နေပါတယ်။ ဒီထက်ပိုပြီး အဆင့်မြင့်လာဖို့ ဂျပန်ကုမ္ပဏီနဲ့အတူ ဆောင်ရွက်နေပါတယ်။ အပြည့်အဝ ဆက်သွယ်ရေး ဝန်ဆောင်မှုတွေကို ပေးသွားမှာပါ" ဟု MPT ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

0 comments:

Post a Comment