IS အဖွဲ့ ဆီးရီးယားမြောက်ပိုင်းသို့ ချီတက်လာသဖြင့် ကာ့ဒ်ဒုက္ခသည် ၆၆၀၀၀ ကျော် တူရကီသို့ ထွက်ပြေး


အစ္စလာမ်မစ်နိုင်ငံတော် IS အဖွဲ့မှ စစ်သွေးကြွများ ဆီးရီးယားနိုင်ငံမြောက်ပိုင်းသို့ တိုက်ခိုက်ဝင်ရောက်လာသောကြောင့် ဆီးရီးယားရှိ ကာ့ဒ် လူမျိုး ၆၆၀၀၀ ခန့်သည် တူရကီနိုင်ငံအတွင်းသို့ ၂၄ နာရီအတွင်း ၀င်ရောက်ထွက်ပြေးခဲ့ကြသည်ဟု စက်တင်ဘာ ၂၁ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

IS စစ်သွေးကြွများ၏ ရန်ကို ကြောက်ရွံ့ကာ ကိုဘိန်မြို့မှ ထွက်ပြေးလာကြသော ကာ့ဒ် လူမျိုးများအတွက် သောကြောနေ့တွင် တူရကီနိုင်ငံ သည် နယ်စပ်များကို ဖွင့်ပေးခဲ့သည်။

ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီက ယင်းနယ်စပ်သို့ စစ်ဘေးဒုက္ခသည် သိန်းပေါင်းများစွာ ထပ်မံ ဖြတ်ကျော် ၀င်ရောက်လာနိုင်သဖြင့် ၎င်း၏ ကူညီကယ်ဆယ်ရေး ကြိုးပမ်းမှုများကို မြှင့်တင် ထားသည်။

IS စစ်သွေးကြွများသည် ဆီးရီးယားနှင့် အီရတ် နိုင်ငံ နေရာအများအပြားကို ထိန်းချုပ် ထားပြီး ကိုဘိန် မြို့ဝန်းကျင်မှ ရွာများကိုလည်း သိမ်းပိုက် ထားပြီး ဖြစ်သည်။

အီရတ်နှင့် ဆီးရီးယား နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော တူရကီနိုင်ငံသည် လွန်ခဲ့သော သုံးနှစ်ခန့်မှ စ၍ ဆီးရီးယား သမ္မတ အာဆတ် ကို တော်လှန်သော ပုန်ကန်မှု ပေါ်ပေါက်လာကတည်းက ဒုက္ခသည်ပေါင်း ၈၄၇၀၀၀ ကျော်ကို လက်ခံထားပြီး ဖြစ်သည်။

ထို့ကြောင့် ယခု နယ်စပ်ကို ဖွင့်ပေးလိုက်ခြင်း သည် ၂၄ နာရီအတွင်း ဒုက္ခသည် များ ၀င်ရောက်မှု သိသိသာသာ တိုးတက်လာခဲ့ခြင်းဖြစ်သည်။

တူရကီ ဒု- ၀န်ကြီးချုပ် နူမန်ကာတူလ်မူစ်က ပြောကြားရာတွင် ယနေ့ တစ်နေ့တည်းတွင် တူရကီ နိုင်ငံသို့ ၀င်ရောက်လာသော ဆီးရီးယား ကာ့ဒ် လူမျိုး ၆၀၀၀၀ ကျော် သွားပြီဟု ဆိုသည်။

တူရကီအစိုးရ အရာထမ်း တစ်ဦးက တူရကီနိုင်ငံတွင်း ၀င်ရောက်လာသူ ဆီးရီးယား ကာ့ဒ် လူမျိုး ၆၆၀၀၀ နီးပါးရှိပြီဟု ဆိုသည်။

Mizzima News

0 comments:

Post a Comment