အမြင့်ကြောက်တဲ့ ၀ိုင်းစုခိုင်သိန်း


အမြင့်ကြောက်သူ တစ်ဦးဖြစ်သောကြောင့် ‘‘သိသလို၊ မသိသလိုနဲ့ ’’ သီချင်းတွင် ပါဝင်မည့် အခန်းအချို့ကို ကြောက်ကြောက်ဖြင့် ရိုက်ကူးခဲ့ရကြောင်း ၀ိုင်းစုခိုင်သိန်း က ပြောသည်။

‘‘တစ်ဖက်ကို မသွားရဲဘူး။ သူတို့တက်တဲ့ အချိန်ကတည်းက အသည်းတွေ ယားနေတာ။ အမြင့် အရမ်းကြောက်တာဆိုတော့ အဲဒီထောင့်နားလေးသွားဖို့ ကို တော်တော်အော်ဟစ်ပြီး ရောက်သွားတယ်’’ဟု စက်တင်ဘာ ၁၉ ရက်က ရိုက်ကူးခဲ့သော ရိုက်ကွင်းအကြောင်းကို ပြောပြသည်။


ယင်းသီချင်းကို ဒါရိုက်တာ အနေဖြင့် နေမင်းက ရိုက်ကူးပေးခြင်းဖြစ်ပြီး မင်းသား တစ်ယောက် ဖြစ်သော်လည်း အခြားသူများနှင့် မတူညီသည့် အိုင်ဒီယာဖြင့် ရိုက်ကူးနိုင်သူဖြစ်ကြောင်း ၎င်းက ဆို သည်။

‘‘ကိုနေမင်းက ၀ါသနာပါတာ။ ရှုတင်မှာဆိုရင်လည်း မရိုက်ခင် ကင်မရာတွေ ဘာတွေချိန် အဲဒီလိုနေတယ်။ မချစ်သုဝေ မင်္ဂလာ ဆောင်တုန်းကလည်း ရိုက်ပေးတယ်။ သန္တာဗို အခွေမှာလည်း ရိုက်ပေးတယ်။ သူ့မှာ သူများနဲ့မတူတဲ့ အိုင်ဒီယာလေး တစ်ခုရှိတယ်။ မနေ့က သီချင်းဆိုရင်လည်း သူရိုက်ထားတာ လေးကောင်းတယ်’’ဟု ၀ိုင်းစုခိုင်သိန်း က ပြောသည်။

အာဘွားအမ်တီဗီကို စက်တင်ဘာလကုန်တွင် သီချင်းအားလုံးအပြီး ရိုက်ကူး သွားမည်ဖြစ်ပြီး အောက်တိုဘာလကုန် (သို့မဟုတ်) နိုဝင်ဘာ လဆန်းပိုင်းတွင် ထွက်ရှိနိုင်ရန် ကြိုးစားသွားမည်ဟု ၎င်းကပြောသည်။

ယင်းအမ်တီဗီအတွက် ရိုက်ကူးရန် သီချင်းနှစ်ပုဒ် ကျန်ရှိနေပြီး အိပ်မက်လှေ သီချင်းကို စက်တင်ဘာ ၂၁ ရက်တွင် ငွေဆောင်၌ သွားရောက်ရိုက်ကူးမည်ဖြစ် ကြောင်း ၎င်းကပြောသည်။

0 comments:

Post a Comment