ကလေးမွေးဖွားပြီးနောက် တက္ကသိုလ်ကျောင်းသူလေးတစ်ဦး ကလေးကို အိမ်သာပိုက်လုံးထဲထိုးချ

တရုတ်တက္ကသိုလ်တစ်ခုက ကျောင်းသူတစ်ဦးဟာ ကလေးမွေးဖွားပြီးပြီးချင်း ကလေးကို အိမ်သာပိုက်လုံးထဲ ထိုးသွင်းလိုက်တယ်လို့ သတင်းအရ သိရှိရပါတယ်။

မျက်မြင်သက်သေရဲ့ သတင်းအဆိုအရ ကောင်မလေးအနေနဲ့ ကိုယ်ဝန်ကို စပြီးရလာကတည်းက ဖုံးကွယ်နေခဲ့တာဖြစ်ပြီး ကလေးမွေးဖွားတဲ့ အချိန်မှာလည်း ကလေးလေးကို အိမ်သာထဲ ထိုးချလိုက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပုံပေါ်ပါတယ်။ ဒါပေမယ့် သူမအတွက် ကံမကောင်းစွာပဲ အိမ်သာပိုက်လုံးမှာ ကလေးခန္ဓာကိုယ် ဝင်ဆန့်လောက်အောင် ကျယ်ပြန့်ခြင်းမရှိခဲ့ပါဘူး။ သူမက မွေးကင်းစကလေးကို အိမ်သာတွင်းထဲ ထိုးသွင်းပြီးတဲ့နောက် ထွက်ပြေးခဲ့ပြီး ကလေးမှာတော့ ငိုယိုနေခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီနောက်မှာတော့ အဆောင်နေ အခြားကျောင်းသားတွေက ကလေးကို ကယ်တင်ဖို့ အကူအညီတွေ လိုက်လံတောင်းဆိုခဲ့ကြပါတယ်။

ကလေးငယ်ကို ကယ်တင်ဖို့ရောက်လာတဲ့ မီးသတ်သမားတွေက ကလေးကို အပေါ်ဘက်ကနေ ဆယ်ယူကယ်တင်ဖို့ မတတ်စွမ်းနိုင်ခဲ့ကြပါဘူး။ သတင်းထုတ်ပြန်ချက်တစ်ခုမှာတော့ “ကလေးကို အပေါ်ဘက်ခြမ်းမှ ထုတ်ယူဖို့ မဖြစ်နိုင်ခဲ့ပါဘူး။ ပိုက်လုံးထဲ ထိုးကျဝင်သွားခဲ့ပြီး တတိယနဲ့ စတုတ္ထအလွှာနှစ်ခုကြားမှာ ကလေးက ညက်နေခဲ့တယ်။ အဲ့ဒီနောက်မှာတော့တတိယအလွှာက ပိုက်လုံးထုခွဲဖို့ ကြိတ်စက်တစ်ခုကို အသုံးပြုခဲ့ပြီး ကလေးကို အပေါ် စတုတ္ထအလွှာသို့ တွန်းတင်ကာ ကလေးကို ဆေးရုံခေါ်သွားဖို့ အသင့်စောင့်နေကြတဲ့ ဆရာဝန်းတွေက ပြုစုပေးခဲ့ကြပါတယ်” လို့ မီးသတ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Tao Fang က ပြည်တွင်းသတင်းစာတစ်ခုကို ပြောပြသွားခဲ့ပါတယ်။

မိခင်ကို ရဲမှ ဖမ်းဆီးခဲ့ပြီး ဆေးရုံသို့ အလျင်အမြန် လိုက်သွားစေခဲ့ပါတယ်။

Source: vibenigeria

0 comments:

Post a Comment