ရန်ကုန်သို့ ပြန်ရောက်လာသည့် ခါကာဘိုရာဇီတောင်တက်အဖွဲ့ ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲ တိကျသေချာသော သတင်းထုတ်ပြန်ချက်များ မထုတ်ပြန်နိုင်ဟု ဝေဖန်မှုများထွက်ပေါ်လာ


ရန်ကုန်မြို့သို့ စက်တင်ဘာ ၁၉ရက်က ပြန်လည်ရောက်ရှိလာခဲ့သည့် ခါကာဘိုရာဇီ တောင်တက်အဖွဲ့မှ တောင်တက်သမားခြောက်ဦးနှင့် သဘာဝခေါ်သံဖောင်ဒေးရှင်းတို့က အဆိုပါရေခဲတောင်သို့ တက်ရောက်ခဲ့သည့် တောင်တက်အတွေ့အကြုံများနှင့် ပတ်သက်ပြီး စက်တင်ဘာ၂၁ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ် ခဲ့သည့် သတင်းစာရှင်းလင်းပွဲသည် တိကျသေချာသော သတင်းအချက်အလက်များကို ထုတ်ပြန်နိုင်ခြင်းမရှိဟု ဝေဖန်မှုများထွက်ပေါ်နေကြောင်း သိရသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲမှ ခါကာဘိုရာဇီတောင် ထိပ်သို့ရောက်ရှိခဲ့ပြီး ယခုအချိန်အထိ အဆက်အသွယ်မရ ဘဲ ပျောက်ဆုံးနေခဲ့သည့် တောင်တက်သမားနှစ်ဦးအကြောင်း ကို အများပြည်သူ စိတ်ဝင်စားလျက်ရှိပြီး အများပြည်သူကို ချပြနိုင်မည့် တိကျသောအဖြေတစ်ခုကို ရရှိနိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြကြောင်း သိရသည်။

သို့သော် ပျောက်ဆုံးနေခဲ့ သော တောင်တက်သမားနှစ်ဦး နှင့်ပတ်သက်၍ တိကျသေချာ သည့် ဖြေရှင်းချက်မပေးနိုင်ခဲ့ဟု သတင်းသမားအချို့နှင့် အဆိုပါ သတင်းစာရှင်းလင်းပွဲကို စိတ်ဝင် စားစွာ နားစွင့်နေကြသည့် ပြည်သူအချို့က ဝေဖန်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ သတင်းစာရှင်းလင်း ပွဲနှင့်ပတ်သက်၍ သဘာဝ ခေါ်သံ ဖောင်ဒေးရှင်း၏ ဥကဌဖြစ်သူ ဦးမျိုးသန့်က သတင်းစာရှင်းလင်းပွဲစတင် ချိန်တွင် ယခု သတင်းစာရှင်းလင်းပွဲသည် ပျောက်ဆုံးနေသော တောင်တက်သမားများအကြောင်း ရှင်းလင်းခြင်း မဟုတ်ဘဲ ၊ ပြန်လည်ရောက်ရှိလာသော တောင်တက်သမားများ၏ အတွေ့အကြုံရှင်းလင်းပွဲသာ ဖြစ်ကြောင်းကို ကွဲပြားခြားနားစွာ သိရှိစေလိုသည်ဟု တက်ရောက် လာသည့် သတင်းသမားများအား ကြိုတင်အသိပေြးေ ပာကြားခဲ့သည်။

ယင်းကဲ့သို့ပြောကြားမှုနှင့် ပတ်သက်၍ '' အခုလိုအချိန်မှာ လူတွေသိချင်တာကိုက ပျောက်ဆုံးနေတဲ့ တောင်တက်သမားနှစ်ဦးအ ကြောင်းကို သိချင်နေကြတာပါ။ အ ခုသတင်းစာရှင်းလင်းပွဲကလဲ ဒီအ ကြောင်းပဲ ရှင်းလင်းတာမျိုးဖြစ်မယ် ဆိုပြီး ကျွန်တော်တို့အားလုံးက မျှော် လင့်ထားကြတာ။ အခုကျတော့ အဲဒီ လိုမဟုတ်ဘူးဆိုတော့ သူတို့က တ ကယ့်ဖြစ်ရပ်ကို ရှောင်လွှဲထားသလို ဖြစ်မနေဘူးလား။ အစကတည်းက မှ သူတို့ကိုသတင်းထိန်ချန်တယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်နေခဲ့တာ မ ဟုတ်လား။ အခုလိုမျိုးလုပ်တော့ ပိုပြီးအထင်အမြင် မမှားနိုင်ပေဘူး လား''ဟု ယင်းသတင်းစာရှင်းလင်းပွဲ သို့ သတင်းတက်ရောက်ယူခဲ့သည့် သတင်းထောက် တစ်ဦးက ပြောသည်။

ခါကာဘိုရာဇီတောင်ထိပ်သို့ တက်ရောက်မှုအောင်မြင်သည်ဟု ပြောဆိုနိုင်သည်လားဟု ဒီမိုကရေစီ တူဒေးသတင်းစာက မေးမြန်းရာ တွင် တောင်ထိပ်သို့တက်ခဲ့သည့် တောက်တက်သမားနှစ်ဦးမှာ ယနေ့ ထိပျောက်ဆုံးနေသော်လည်း အောင် မြင်သည်ဟု သဘာဝခေါ်သံဖောင် ဒေးရှင်းမှ ဥက္ကဋ္ဌဦးမျိုးသန့်က ''ခါ ကာဘိုရာဇီတောင်သို့ တက်ရောက် မည့်အိပ်မက်ကို အပြည့်အဝအောင် မြင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တောင် ထိပ်သို့ရောက်အောင်ထိ အောင်ပွဲ ခံခဲ့တဲ့ တောင်တက်သမားနှစ်ဦး မှာ ဒီနေ့ထိအဆက်အသွယ်မရဘဲ ပျောက်ဆုံးနေပါတယ်။ အဲဒါကြောင့် တောင်ထိပ်မှာ မြန်မာနိုင်ငံအလံကို စိုက်ထူနိုင်ခဲ့ပြီဆိုတာကိုပဲ အောင်မြင် ခဲ့တယ်လို့ဆိုလိုတာပါ'' ဟု ဖြေရှင်းခဲ့ သည်။

ပျောက်ဆုံးနေသော တောင် တက်သမားများနှင့် ပတ်သက်၍ အသက်အာမခံများ ပြုလုပ်ထားခြင်း မရှိကြောင်းလည်း သိရသည်။

''တကယ်လို့ တောင်တက်သ မားတွေက အသက်အာမခံ မလုပ် ချင်ဘူးဆိုရင်တောင် အခုလုပ်နေ တာက အဖွဲ့အစည်းနဲ့ လုပ်နေတာ လေ။ တစ်ဦးတစ်ယောက်နဲ့ လုပ်တဲ့ ခရီးစဉ်မဟုတ်ဘူးလေ။ အခုမှမဟုတ် ဘူး၊ တောင်တက်အဖွဲ့ဝင်ဖြစ်တာနဲ့ အသက်အာမခံတော့ လုပ်ထားသင့် ပါတယ်။ အဖွဲ့ကို ဦးဆောင်သူတွေ က ဒီလိုကိစ္စတွေကို တောင်တက်မယ့် သူတွေကို လုပ်ခိုင်းသင့်ပါတယ်''ဟု သတင်းစာရှင်းလင်ပွဲသို့ လာရောက် နားထောင်သည့် ကိုမျိုးမင်းဦးက ပြော သည်။

အသက်အာမခံထားရှိခြင်းရှိ မရှိနှင့်ပတ်သက်၍ ဦးမျိုးသန့်အား သတင်းထောက်များက မေးမြန်းရာ တွင် တောင်တက်ချိန်နီးသဖြင့် မြန် မာ့ဓလေ့အယူအဆအရ ခရီးသွား ခါနီးအချိန်တွင် အသက်အာမခံထား ပါက နိမိတ်မကောင်းဘူးယူဆ၍ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း ဖြေကြားခဲ့ ပါတယ်။

တောင်တက်သမား နှစ်ဦး ပျောက်ဆုံးခြင်းနှင့်ပတ်သက်၍ သ တင်း ထုတ်ပြန်မှုထိမ်ချန်သည်၊ နှောင့် နှေးကြန့်ကြာသည်ဟု ပြည်သူများ အကြားတွင် သံသယဖြစ်မှုနှင့်အ တူ ဝေဖန်မှုများ ထွက်ပေါ်နေဆဲ ဖြစ်သည်။

ဖောင်ဒေးရှင်းဥက္ကဋ္ဌက တောင်တက်သမားများ ချောချော မောမော ပြန်ဆင်းလာကြသည်ဟု ပြောကြားချက်ကို သတင်းမီဒီယာ တစ်ခုတွင် ရေးသားဖော်ပြခဲ့သည်။

''တောင်ထိပ်ရောက်တဲ့အခါ နိုင်ငံတော်သီချင်းနဲ့ အသင်းသီချင်း သီဆိုရင်း အဆက်အသွယ်ပြတ် တောက်ခဲ့တယ်။ ငါးရက်နေ့ထိပြတ် တောက်ခဲ့တယ်။ သတင်းတွေ အခိုင် အမာထုတ်ပြန်ဖို့ စောင့်နေရတယ်။ ဒီအတွင်းမှာ ထူးဖောင်းဒေးရှင်းက လဲ ကူညီပေးမယ်လို့ ဆက်သွယ်လာ ပါတယ်။ သတင်းကို တမင်ထိမ်ချန် ခဲ့တာမဟုတ်ပါဘူး။ ကျွန်တော်တို့ အတွက်လဲ တကယ်ဆယ်သွယ်လို့ မရတဲ့၊ ဆက်သွယ်မှုပြတ်တောက်တဲ့ အခြေအနေကို ရောက်သွားတာပါ'' ဟု ဦးမျိုးသန့်က ဖြေဆိုခဲ့သည်။

တောင်တက်အဖွဲ့တွင် ဆက် သွယ်ရန် ဆက်သွယ်ရေးပစ္စည်းအ နေဖြင့် ဂြိုဟ်တုဖုန်းပါမပါနှင့် ပတ် သက်၍ ဒီမိုကရေစီတူဒေးသတင်း စာမှ မေးမြန်းချက်ကို ''ဆက်သွယ်မှု ကိရိယာအဖြစ် မက်စင်ဂျာ ပါသွား တယ်။ ဂြိုဟ်တုဖုန်းကတော့မပါသွား ဘူး။ ကျွန်တော်တို့ အဲဒါယူသွားနိုင် အောင် မှာထားပါတယ်။ ဒါပေမဲ့ အဲဒီဟာစောင့်နေရင် တစ်လလောက် ကြန့်ကြာသွားနိုင်တယ်။ နောက်မှာ လဲ တခြားအဖွဲ့တွေ တက်ဖို့ စောင့် နေတယ်ဆိုတော့ နေရာအခက်အခဲ တွေ ဖြစ်လာနိုင်တာကြောင့် အရင် တက်လိုက်တာ။ တကယ်လို့ဂြိုဟ်တု ဖုန်းသာပါသွားရင် ဒီလိုမဖြစ်လာ နိုင်ဘူး။ အဲဒီကိရိယာက တကယ်လို့ အန္တရာယ်ကြားထဲရောက်နေရင်ဖြစ် ဖြစ်၊ ပြုတ်ကျရင်ပဲဖြစ်ဖြစ်ရောက်တဲ့ နေရာကို အချက်ပြနိုင်တယ်''ဟု ဦးမျိုးသန့်က ရှင်းလင်းသည်။

ခြေလျင်တောင်တက်သမား များ အဓိကလိုအပ်သောအရာများ မှာ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်မှု၊ ဇွဲလုံ့ လဝီရိယရှိမှုနှင့် တောင်တက်ရာတွင် လိုအပ်သည့် တောင်တက်ဂီယာနှင့် ဆက်သွယ်ရေးကိရိယာများ လိုအပ် ကြောင်း၊ ကိုအောင်မြင့်မြတ်နှင့် ကို ဝေယံမင်းသူတို့မှာ လူငယ်များပီပီ ဇွဲ၊ လုံ့လ၊ ဝီရိယရှိခဲ့သော်လည်း ဆက် သွယ်ရေးကိရိယာ လိုအပ်ခြင်းကြောင့် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိခဲ့ကြပြီး ယင်းတို့နှစ်ဦး၏ဖြစ်ရပ်သည် နောင် လာမည့် တောင်တက်သမားများ အတွက် သင်ခန်းစာ၊ ဥပမာများ ဖြစ်စေခဲ့သည်ဟု သဘာဝခေါ်သံ ဖောင်ဒေးရှင်းမှ အမှုဆောင်တစ်ဦး က ပြောသည်။

''တောင်တက်သမား နှစ်ဦး ပျောက်ဆုံးနေခြင်းမှာ ဆက်သွယ်မှု ကိရိယာအားနည်းချက်ကြောင့်လဲ မဟုတ်သလို၊ တောင်တက်သမားတွေ ရဲ့လေ့ကျင့်မှုအားနည်းချက်ကြောင့် လဲ မဟုတ်ပါဘူး။ မတော်တဆဖြစ် သွားတာပါ။ အခုလဲ ထူးဖောင်ဒေး ရှင်းနဲ့ ပူးပေါင်းပြီးတော့ ကမ္ဘာ ကျော် တောင်တက်သမားတွေကိုခေါ် ပြီး အင်တိုက်အားတိုက် ရှာဖွေနေ ပါတယ်။ တကယ်လို့ ထူးက လက် လျှော့သွားမယ်ဆိုရင်တောင် ကျွန် တော်တို့အဖွဲ့ ဆက်လက်ရှာဖွေ သွားမှာပါ''ဟု ဒီမိုကရေစီတူဒေး သတင်းစာမှမေးမြန်းရာတွင် ဖြေ ကြားခဲ့သည်။

ယခု ပျောက်ဆုံးနေသော တောင်တက်သမားနှစ်ဦးနှင့် ပတ် သက်၍ အဓိကတာဝန်ရှိသူမှာ သ ဘာဝခေါ်သံဖောင်ဒေးရှင်းဖြစ်သည် ဟု ဝေဖန်ပြောဆိုမှုများရှိရာ ယင်း နှင့် ပတ်သက်၍ ဥက္ကဋ္ဌဦးမျိုးသန့်က ''ပျောက်ဆုံးနေတဲ့ နှစ်ယောက်အ တွက် လိုအပ်တဲ့အကူအညီတွေကို ထိုက်သင့်သလို ကူညီဆောင်ရွက် ပေးသွားမှာပါ''ဟု ဖြေရှင်းပြောကြား ခဲ့သည်။

ပြင်ပတွင် တောင်တက်သမား နှစ်ဦး ပျောက်ဆုံးနေခြင်းကို ရက် ကြာမြင့်ပြီဖြစ်သဖြင့် ယခုရှာဖွေခြင်း မှာ အသက်ရှင်လျက် ပြန်တွေ့နိုင် တော့မည်မဟုတ်ဟု ယူဆနေကြသူ များနှင့်ပတ်သက်၍ ''အခုရှာဖွေနေ တာ သေသွားပြီဆိုတဲ့ပုံစံနဲ့မဟုတ် ပါဘူး။ အသက်ရှင်လျက်ပြန်တွေ့ မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရှာနေ တာပါ။ တကယ်လို့ ပါသွားတဲ့ရိက္ခာ တွေကို ချွေချွေတာတာသုံးပြီး ခိုလှုံ လို့ရမယ့် နေရာတစ်နေရာရသွား မယ်ဆိုရင်တော့ အသက်ရှင်ဖို့ မျှော် လင့်ထားတယ်''ဟု ဦးမျိုးသန့်က ဖြေ ရှင်းပြောကြားသည်။

သို့သော် ယခုအချိန်အထိ တောင်တက်သမားနှစ်ဦး ပျောက် ဆုံးနေသည်မှာ ရက်ပေါင်းနှစ်ဆယ် ခန့် ကြာမြင့်နေပြီဖြစ်သော်လည်း အသက်ရှင်လျက်ရှိမည်၊ မရှိမည်ကို ယခုသတင်းစာရှင်းလင်းပွဲမှ တိကျ မှန်ကန်သည့်အဖြေကို မပေးနိုင်ခဲ့ ကြောင်း သိရသည်။

0 comments:

Post a Comment