အိမ်ထောင်သက် ၁၄ လ အကြာမှာ ကွာရှင်းကြတော့မယ့် Avril Lavigne နဲ့ Chad Kroeger


ပန့်ခ်အဆိုတော်မလေး Avril Lavigne နဲ့ သူမရဲ့ချစ်သူ Nickelback တီးဝိုင်းက အသက် ၃၉ နှစ် အရွယ် ရှေ့ထွက် အဆိုတော် Chad Kroeger တို့ဟာ အိမ်ထောက်သက် ၁၄ လ အကြာမှာ ကွာရှင်းကြတော့မယ်လို့ သိရပါတယ်။

“သူတို့ဇာတ်လမ်းကပြီးသွားပါပြီ၊သူဟာ LA ကိုသွားတော့မှာဖြစ်သလို၊ လူတွေကိုလည်းသူတို့ ကွာရှင်းတဲ့အကြောင်းတွေ ပြောပြနေပါတယ်။”လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။

အဓိက ပြသနာကတော့ Avril Lavigne ဟာ သူတို့နှစ်ယောက်ရဲ့ တစ်နှစ်ပြည့် အထိမ်းအမှတ် လက်ဆောင်ကို ဖျက်ဆီးလိုက်တဲ့အတွက် ဖြစ်တယ်လို့ သိရပါတယ်။

Avril Lavigne ရဲ့ မိတ်ဆွေတစ်ယောက်ကတော့ Chad ဟာ သူမရဲ့သူငယ်ချင်းတွေနဲ့လည်း အဆင်မပြေဘူးလို့ဆိုပါတယ်။ Avril Lavigne နဲ့ Chad Kroeger တို့ဟာ Let Me Go လို့အမည်ရတဲ့ စုံတွဲသီချင်းကို သွင်းကြစဉ်အခါ ၂၀၁၂ ဇူလိုင်လမှာ စတင်လက်တွဲခဲ့ကြတာပါ။Avril Lavigne ဟာ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၀ ခုနှစ် အထိ Sum41 အဖွဲ့ရဲ့ ရှေ့ထွက်တစ်ဦးဖြစ်တဲ့ Deryck Whibley နဲ့ လည်း အိမ်ထောင်တစ်ခု တည်ဆောက်ခဲ့တာ မအောင်မြင်ခဲ့ပါဘူး။ အခုတစ်ခေါက်ဟာ သူမရဲ့ ဒုတိယ အကြိမ် အိမ်ထောင်ရေး ပြိုကွဲမှုပဲ ဖြစ်ပါတယ်။

Ref:lifeandstylemag.com

0 comments:

Post a Comment