မန်ချက်စတာ၊ စက်တင်ဘာ ၂၂။ လက်စတာကို ၅-၃ ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့် အပြီးတွင် မန်ယူနည်းပြ ဗန်ဟားလ်သည် အသင်းသား များကို အ၀တ်လဲခန်း ထဲ၌ ပြင်းထန်စွာ ဆူပူကြိမ်းမောင်းခြင်း (hairdryer treatment) ပြုလုပ် ခဲ့သည်။
အသင်း၏ ဆိုးရွားသည့် ရလဒ်ကြောင့် စိတ်ပျက်နေသည့် မန်နေဂျာ ဗန်ဟားလ်။
ပွဲချိန် မိနစ် ၆၀ အထိ ၁-၃ ဂိုးဖြင့် ဦးဆောင် နေပြီးမှ ပြိုင်ဘက်ကို ချေပဂိုးနှင့် အနိုင်ဂိုးများ ပြန်ပေး လိုက်ရသောကြောင့် ဗန်ဟားလ်က ဒေါသထွက် နေခြင်းဖြစ် သည်။ ကစားသမား များနှင့် သဟဇာတ ဖြစ်သူ မဟုတ်ကြောင်း ကျော်ကြားသည့် ဗန်ဟားလ် အနေဖြင့် ပရီးမီးယား လိဂ်တွင် ဒုတိယမြောက် ရှုံးပွဲ ကြုံပြီးနောက် တန်ဖိုးကြီး ကစားသမား များဖြင့် တည်ဆောက် ထားသော အသင်းကို လူသိရှင်ကြား ဝေဖန် လိုက်ခြင်းလည်း ဖြစ်သည်။
၁-၃ ဂိုးဖြင့် ဦးဆောင် နိုင်ပြီးနောက် မန်ယူ နောက်တန်းသည် သန်မာသော လက်စတာ ရှေ့တန်းကြောင့် ပြိုဆင်း ခဲ့ရပြီး ဂိုးများပြန် ပေးရကာ ရှုံးနိမ့် ခဲ့ရရာ ယင်းမှာ အသင်း၏ ပရီးမီးယားလိဂ် သမိုင်း တစ်လျှောက် ပွဲပေါင်း ၈၅၃ ပွဲတွင် နှစ်ဂိုး ဦးဆောင်ပြီးမှ ရှုံးနိမ့်သည့် ပထမဆုံး ပွဲအဖြစ် မှတ်တမ်းဝင် သွားခဲ့သည်။ ပွဲချိန်အတွင်း ပင်နယ်တီ နှစ်လုံး ပေးခဲ့သော ကွင်းလယ်ဒိုင် မာ့ခ် ကလက်တန်ဘာ့ဂ်၏ ဆုံးဖြတ်ချက် များကို ဝေဖန်ရန် ဗန်ဟားလ်က ငြင်းဆန် ခဲ့သည်။
သို့သော် "ပထမဆုံး ပင်နယ်တီက ဒိုင်တွေ(ခင်ဗျားတို့ မေးတဲ့သူတွေ) ပေါ်မှာပဲ အမြဲ မူတည် ပါတယ်။ ဒါပေမယ့် ကစားသမား တစ် ယောက် အနေနဲ့ အဲလို လုပ်ဖို့မလိုဘူး။ ပင်နယ်တီ ဧရိယာထဲမှာ ဖျက်ထုတ် လိုက်ရင် ဒိုင်ရဲ့ ၀ီစီသံကို ကြားရတော့ မယ်ဆိုတာ သိနေ သင့်တယ်။ ဒါက ပင်နယ်တီလား ကျွန်တော် မသိဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ကိုယ့်ဘာသာ ပြန်သုံးသပ်ဖို့ လိုတယ်။ ဘာကြောင့် လဲဆိုတော့ ကျွန်တော် တို့တွေ အမှားကြီး ကျူးလွန် ခဲ့ကြလို့ပဲ"ဟု ဗန်ဟားလ်က ပြောသည်။
မန်ယူ ကစားသမား များနှင့် ပတ်သက် ၍လည်း ဗန်ဟားလ်က အနိုင်ရလဒ်ကို ရယူ နိုင်ပြီးမှ လက်လွှတ် လိုက်ကြောင်း၊ လက်စတာ ကြောင့် မဟုတ်ဘဲ ကိုယ့်ဘာသာ အဆုံးရှုံး ခံခြင်းသာ ဖြစ်ကြောင်း၊ ယင်းကို မနှစ်မြို့ ကြောင်းနှင့် အသင်းတွင် ဂိုးရချင်သည့် ကစားသမား အများအပြား ရှိကြောင်း ပြောသည်။ ဒေးလီးမေးလ် သတင်းစာမှ ပင်တိုင် ဆောင်းပါးရှင် လီဗာပူးလ် ကစားသမားဟောင်း ဂျင်မီ ကာရေဂါကမူ ကွင်းလယ်ဒိုင် ပေးခဲ့သည့် ပထမ ပင်နယ်တီ အတွက် အံ့အားသင့် မိသော်လည်း နွေရာသီ အပြောင်းအရွှေ့ ကာလအတွင်း ပေါင်သန်း ၁၅၀ သုံး သည့်တိုင် သင့်တော်သည့် နောက်တန်း ကစားသမား ၀ယ်ယူခြင်း မရှိသည့် မန်ယူကိုသာ ဝေဖန် ခဲ့သည်။
"ငွေတွေပုံအော သုံးလိုက်တာမှာ နောက်တန်း ကစားသမား တစ်ယောက် တစ်လေတောင် မပါတဲ့ လွဲမှားတဲ့ စီမံခန့်ခွဲမှုရဲ့ အဆုံးသတ်နေ့ ရောက်လို့ လာခဲ့ပါပြီ။ ယူနိုက်တက်ကို ကြည့်ရတာ ဒီရာသီမှာ နောက်တန်းကြောင့် ထိခိုက်ရ နိုင်ပါတယ်"ဟု ကာရေဂါက သုံးသပ်သည်။ ဒဏ်ရာရ ခဲ့သော အီဗန်မှာ ၀က်စ်ဟမ်းနှင့် ပွဲကို လွဲချော်မည် ဖြစ်ပြီး လုခ်ရှော ကစားခွင့် ရမည် ဖြစ်သော်လည်း နောက်တန်း အင်အား နည်းနေကြောင်း ဗန်ဟားလ်က ပြောသည်။
ရည်ညွှန်း ဒေးလီးမေးလ်
Mizzima
0 comments:
Post a Comment