ဘင်္ဂါလီနဲ့ ရိုဟင်ဂျာ ဘာကွာလဲ


ဘင်္ဂလားဘက်က မြန်မာနိုင်ငံသားဖြစ်ခွင့်ရှိတဲ့ ဘင်္ဂါလီတစ်ချို့ကို ပြန်လက်ခံတဲ့အပေါ်၊ နိုင်ငံသား ဖြစ်ခွင့်နဲ့ ကိုက်ညီတဲ့ ဘင်္ဂါလီတစ်ချို့ကို နိုင်ငံသားဖြစ်ခွင့်ပေးတဲ့အပေါ် လက်ရှိအစိုးရကို ဝေဖန်ရပြီးရော ပြောလာတာ တစ်ခုက ရိုဟင်ဂျာ မရှိဘူး ဘင်္ဂါလီ နာမည်ပြောင်းလိုက် နိုင်ငံသား ရမယ်ဆိုပီး ပြောလာနေတာ တွေ့ရပါတယ်…….

တစ်ချက်ထောက်ပြလိုတာက လူမျိုးပြောင်းရုံနဲ့ နိုင်ငံသားအဖြစ် အော်တိုဖြစ်ခွင့်မရှိပါ……. နိုင်ငံသားဖြစ်ခွင့် ဥပဒေနဲ့ စိစစ်ပြီးမှသာ နိုင်ငံသားဖြစ်ခွင့် ရမှာ ဖြစ်ပါတယ်……. လက်ရှိ မြန်မာနိုင်ငံက ခန့်မှန်းစာရင်းအရ ဘင်္ဂါလီအရည်အတွက် ၁ သန်းစွန်းစွန်း ရှိနေချိန် လူဦးရေ ထောင်ဂဏန်းသာ နိုင်ငံသားဖြစ်ခွင့် ရတာကို လေ့လာကြည့်ရင် အဖြေကို တွေ့ပါလိမ့်မယ်……..

ဒီနေရာမှာ ရိုဟင်ဂျာဆိုတာကို ဘာလို့လက်မခံလည်း ဆိုရင်တော့ ရှင်းပါတယ်…… သမိုင်းမှာ လုံးဝ မရှိခဲ့တဲ့ နာမည်တစ်ခုဖြစ်တဲ့ အတွက်ကြောင့်ပါပဲ…….. အင်္ဂလိပ်တွေဟာ မြန်မာနိုင်ငံကို နှစ် ၁၀၀ ကျော် အုပ်စိုးသွားချိန်မှာ အစစ အရာရာကို စနစ်တကျ စည်းကမ်းကျကျ လုပ်ဆောင်သွားခဲ့ပါတယ်…….

စာရွက်စာတန်း၊ မှတ်တမ်း မှတ်ရာတွေနဲ့ သေခြာလုပ်ကိုင်သွားခဲ့ရာမှာ သန်းခေါင်စာရင်းတွေလည်း ကောက်ခံခဲ့ပါတယ်……. အင်္ဂလိပ်တွေရဲ့ မြန်မာနိုင်ငံကို အုပ်ချုပ်စဉ်ကာလ သန်းခေါင်စာရင်း ကောက်ခံမှုမှာ ရိုဟင်ဂျာဆိုတဲ့ စကားလုံး ရောင်လို့တောင် မတွေ့ရတာကို ကြည့်ရင် ဒီ စကားလုံးနဲ့ လူမျိုးနာမည်ဟာ ခါတော်မှီ မွေးထုတ်လာတာလားဆိုတာ သိနိုင်ပါလိမ့်မယ်…….

အခုလက်ရှိ ရခိုင်ပြည်နယ်မှာ ရှိနေကြတဲ့ ဘင်္ဂါလီတွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ကူးလာကြတာ ဖြစ်ပြီး သူတို့ သုံးနှုံးတဲ့ ဘာသာစကား၊ ယဉ်ကျေးမှုဟာ ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီတွေနဲ့ အတူတူပဲ ဖြစ်ပါတယ်…….. ဘင်္ဂလားဒေ့ရှ်ကိုယ်တိုင် ရိုးသားမှု မရှိပဲ ဘင်္ဂါလီတွေကို နယ်စပ်မှာ Proxy သဘော ထားရှိထားတာပါ…..

ဒါကြောင့် မနှစ်က နေပြည်တော်မှာ လုပ်ခဲ့တဲ့ အစည်းအဝေးမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ဘင်္ဂါလီတွေကို တစ်ခြားနာမည် ကြိုက်တာခေါ်နိုင်ပါတယ်၊ ဘင်္ဂါလီလို့ မခေါ်ပါနဲ့ဆိုပီး ကန့်ကွက်ခဲ့ခြင်းပါ…… ဘာကြောင့်လည်းဆိုတော့ ဘင်္ဂါလီ စကားပြောတဲ့ ဘင်္ဂါလီတွေကို သူတို့ ပြန်လက်ခံရမှာစိုးလို့ပါပဲ……..

ဒါဖြင့် ရိုဟင်ဂျာဆိုတဲ့ စကားလုံးနဲ့ ဘင်္ဂါလီ ဘာကွာလို့လဲ မေးရင်ဖြင့် အပုံကြီး ကွာပါတယ်…… ဘင်္ဂါလီဆိုတာ ဘင်္ဂလားဘက်က လာတာဖြစ်ပြီး ဘင်္ဂါလီ စကား၊ ယဉ်ကျေးမှုကို ဆက်ခံပါတယ်…… ရိုဟင်ဂျာကတော့ သမိုင်းလိမ်ထားတဲ့ ဘင်္ဂါလီ စကားကို သုံးစွဲပြီး တိုင်းရင်းသားနာမည် ခံထားပါတယ်…..

ရိုဟင်ဂျာကို လက်ခံလိုက်ခြင်းအားဖြင့် သူတို့အား တိုင်းရင်းသားအနေနဲ့ အသိအမှတ်ပြုလိုက်သလို ဖြစ်သွားပါတယ်……. ဒီအတွက် တိုင်းရင်းသား အခွင့်အရေး ပေးရပါလိမ့်မယ်…….. နိုင်ငံသားနဲ့ တိုင်းရင်းသား ဘာကွာလဲဆိုရင်ဖြင့် အုပ်ချုပ်ရေးပိုင်း၊ သယံဇာတ ခွဲဝေရေးမှသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင် ဥပဒေပြဌာန်းခွင့်တွေ ပါလာပါလိမ့်မယ်……

လက်ရှိ နိုင်ငံတကာမှာ ထင်ရှားတဲ့ Janes ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး လေ့လာသုံးသပ်တဲ့ ကုမ္ပဏီကနေ ရရှိထားတဲ့ အချက်အလက်တွေအရ သူတို့ဟာ အာရကန် အစ္စလာမ်မစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ (Islamic autonomous Arakan state) အဖြစ် တည်ထောင်ဖို့ ရည်ရွယ်ချက်ရှိတာကို ဖော်ပြထားခဲ့ပါတယ်….

အခုလက်ရှိမှာကို ဌာနေ ရခိုင်တိုင်းရင်းသားတွေ ကြောက်လန့်ပြီး မနေနိုင်အောင် လုပ်ဆောင်နေတာကြောင့် ရခိုင်တိုင်းရင်းသားတွေ ရွာလုံးကျွတ် ထွက်ပြေးနေရတာတွေကို လေ့လာကြည့်ရင် တွေ့နိုင်ပါလိမ့်မယ်……. အခုလက်ရှိ ယိုးဒယားနိုင်ငံ တောင်ပိုင်းမှာ ဖြစ်နေတဲ့ ဘာသာမတူသူတွေ မနေရဲအောင် လုပ်နေတာနဲ့ တစ်ပုံစံတည်းပါပဲ……..

ဒါကိုကြည့်ခြင်းအားဖြင့် တိုင်းရင်းသား ဖြစ်လာတဲ့အခါ ဘယ်အဆင့်အထိ တောင်းဆိုနိုင်မယ် ဆိုတာကို သိနိုင်ပါလိမ့်မယ်…… ဥပမာအားဖြင့် တိုင်းရင်းသားဖြစ်တယ် ဆိုတဲ့အချက်နဲ့ လွှတ်တော်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအောင် တောင်းဆိုလာမှာ ဖြစ်သလို၊ လက်နက်ကိုင်ပြီး တိုင်းရင်းသား လွတ်လပ်ရေးအတွက် ဆိုတဲ့သဘောနဲ့လည်း လုပ်ဆောင်လာနိုင်ပါတယ်……..

ဒါတွေဟာ ဘင်္ဂါလီနဲ့ ရိုဟင်ဂျာ ကွာခြားမှု၊ တိုင်းရင်းသားနဲ့ နိုင်ငံသား ကွာခြားမှု အခြေခံ သဘောတရားပါပဲ……

0 comments:

Post a Comment