အရင်နှစ်တွေထက် စံချိန်ချိုးဖို့ ကြိုးပမ်းခဲ့ကြတဲ့ အဝတ်ဗလာ ရေကူးသမားများ


အဝတ်ဗလာကျင်းနေတဲ့ ရာနဲ့ချီလူအုပ်ကြီးဟာ ကမ္ဘာ့အ၀တ်ဗလာ ရေကူးတဲ့ မှတ်တမ်းစံချိန်ချိုးဖို့ ကြိုးပမ်းတဲ့အနေနဲ့ စိမ့်နေအောင်အေးတဲ့ North Sea ပင်လယ်ရေထဲ သူတို့အစွမ်းသတ္တိကို ပြသသွားခဲ့ကြပါတယ်။

အဲဒီအစီအစဉ်မှာ ပါဝင်ဆောင်ရွက်သူတွေဟာ Northumberland ရဲ့ Druridge ပင်လယ်ကမ်းခြေက ရေထဲခုံချခဲ့ကြတာဖြစ်ပြီး ဖလော်ရီဒါကို ယခုနှစ်အစောပိုင်းကတည်းက ရောက်လာကြတဲ့ လူဦးရေ ၈၀၀ ခန့်ရှိ အဝတ်ဗလာရေကူးသမားတွေရဲ့ စံချိန်ကို အနိုင်ရဖို့ မျှော်လင့်နေခဲ့ကြတာပါ။

စက်တင်ဘာ ၂၁ ရက် မနက် ၅ နာရီ ဝန်းကျင်မှာ စတင်ခဲ့တဲ့ အဲဒီ Nort East Skinny Dip အတွက် အယောက် ၃၀၀ သာ ရောက်လာခဲ့တဲ့အတွက် ကံမကောင်းစွာနဲ့ပဲ သူတို့ရဲ့အစွမ်းသတ္တိကို အသိမှတ်ပြု ဆုချီးမြင့်ခြင်း မခံခဲ့ရပါဘူး။

ဒီလိုအခြေအနေဖြစ်လာခဲ့ပေမဲ့ ဒီလုပ်ဆောင်ချက်က အောင်မြင်မှု တစ်ရပ်ဖြစ်ခဲ့တယ်လို့ ဦးဆောင်စည်းရုံးသူ Jax Higginson က ပြောဆိုခဲ့ပါတယ်။ ယခုအကြိမ်ဟာ သုံးနှစ်မြောက် လုပ်ဆောင်ခြင်းဖြစ်ပြီး အရင်ကထက် လူအင်အား ပိုများတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ ဒါဟာ စံချိန်ချိုးဖို့ကြိုးပမ်းမှုဆိုတာထက် ပျော်ရွှင်မှုရယူခြင်း၊ စွန့်စားခြင်းနဲ့ သဘာဝတရားရဲ့အနှစ်သာရကို ရရှိခံစားခြင်းဖြစ်ပါတယ်။

ဒီအစုလိုက်အပြုံလိုက် အဝတ်ဗလာရေကူးခြင်းအစီအစဉ်က စိတ်ကျန်းမာရေးအတွက် ဓာနစိတ်နဲ့ အမျိုးသားစည်းလုံးညီညွတ်မှုကို မြင့်တင်ပေးလိမ့်မယ်လို့ သူမအနေနဲ့ မျှော်လင့်တဲ့အကြောင်းလည်း ပြောသွားခဲ့ပါသေးတယ်။

Source: metro
Trend

0 comments:

Post a Comment