ခင်ပွန်းဖြစ်သူမှ ဇနီးဖြစ်သူအား ဓါးဖြင့်ထိုးသတ်မှု ညောင်လေးပင် မြို့တွင်ဖြစ်ပွား

ပဲခူးတိုင်း ဒေသကြီး၊ ညောင်လေးပင်မြို့မ ရဲစခန်း အပိုင်၊ မြို့မ(၃)ရပ်ကွက်တွင် (၃၁.၈.၂၀၁၄)နေ့ ညနေ(၄း၀၀)အချိန်ခန့်က ခင်ပွန်းဖြစ်သူမှ ဇနီးဖြစ်သူအား ဓါးဖြင့်ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ ပါသည်။

ဖြစ်စဉ်မှာ မမေသဇင်ဖူးဖူးငုံ (၁၇)နှစ် (ပထမနှစ်)သင်္ချာ အထူးပြု(အဝေးသင်)တောင်ငူ၊ ကေတုမတီ မြို့သစ်၊ နတ်သျှင်နောင်လမ်း၊ တောင်ငူမြို့နေသူအား ခင်ပွန်းဖြစ်သူ ဟိန်းသူဖြိုး(၂၁)နှစ်၊ ယာဉ်မောင်း၊ မုက္ခမူကျေးရွာ၊ ညောင်လေးပင်မြို့နယ်နေသူမှာ ရန်ဖြစ်စကားများပြီး အရှိးအသွား(၈)လက္မခန့်ရှိ မောင်းခလုပ်ပါဓါးဖြင့် ထိုးလိုက်ရာ ရင်ညွန့်တွင် ထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိသွား ပါသည်။

ဒဏ်ရာနှင့် မမေသဇင်ဖူးဖူးငုံအား ညောင်လေးပင်မြို့ဆေးရုံတွင် အတွင်းလူနာ(စိုးရိမ်ရ)ဖြင့် ဆေးကုသမှု ခံယူလျှက်ရှိပါသည်။

အဆိုပါ အမှုကို ညောင်လေးပင်မြို့မရဲစခန်းမှ (ပ)၂၅၅/၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၆အရ အမှုဖွင့်အရေး ယူထားပါသည်။

မမေသဇင်ဖူးဖူးငုံသည် ညောင်လေးပင်ဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ် ညနေ(၇း၃၀)ခန့်အချိန်တွင် သေဆုံးသွားသဖြင့် တရားခံ ဟိန်းသူဖြိုးအား ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူပြီး စစ်ဆေး လျှက်ရှိကြောင်း သတင်းရရှိသည်။

ကိုသန့် စင်

BY THIT HTOO LWIN


0 comments:

Post a Comment