အေဂျင်စီက လှနုထွန်းနဲ့ မေမြတ်နိုးတို့ကြား ဘလိုတွေကတိကဝတ်တွေ ရှိခဲ့လဲတော့ သေချာမသိဘူး၊ အခုကြားထဲက ဝင်လာတဲ့ ကိုရီးယားအဖွဲ့အစည်းအကြောင်းကို ပြောချင်တယ်၊ နိုင်ငံကိုယ်စားပြုမယ်တစ်ယောက်ကို ဒေါ်လာတစ်သိန်းတန် သရဖူယူပြီးရှောင်နေပါတယ်ဆိုပြီး ကြေငြာချက်ထုတ်လိုက်ကတည်းက အဲ့ဒီအဖွဲ့အစည်းရဲ့ ကလေးကလားဆန်မှုကို ဖော်ပြလိုက်သလိုပါပဲ၊
နောက်ပြီး မေမြတ်နိုး ကိုရီးယားကိုမိခင်နှင့်အတူသွားတဲ့အပေါ်မှာရော အဲ့ဒီအဖွဲ့အစည်းက မိခင်ကို ပြန်လွှတ်ပြီး မေမြတ်နိုးတစ်ယောက်ထဲနေခဲ့ဖို့ ဖိအားပေးတာကလည်း အဲ့ဒီအဖွဲ့အစည်းရဲ့ မရိုးသားမှုကို သိသာစေပါတယ်၊ အသက် နှစ်ဆယ် မပြည့်သေးတဲ့ မိန်းခလေးတစ်ယောက်ကို ဘယ်လိုမိဘက နိုင်ငံရပ်ခြားမှာ တစ်ယောက်ထဲ ထားခဲ့နိုင်မလဲ၊ စဉ်းစားကြည့်ကြပါ၊
နောက်ထပ် ထပ်ပြီးမသင်္ကာစရာကတော့ ပြီးခဲ့တဲ့နှစ်တွေက လာရောက်ယှဉ်ပြိုင်ခဲ့တဲ့မယ်တွေထဲက သုံးယောက်ဟာ ထွက်ပြေးလို့ လေဆိပ်ထိတောင် လိုက်ဖမ်းယူရတယ်ဆိုတဲ့ သတင်းဟာလည်း ထွက်ပေါ်လာတယ်၊ ဒီလိုမျိုးအခြေအနေမှာ မေမြတ်နိုးဘက်ကနေပြီးတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ မားမားမတ်မတ်ရပ်တည်ရပါလိမ့်မယ်၊
သမိုင်းကြောင်းမကောင်းခဲ့တဲ့ ကိုရီးယားအဖွဲ့အစည်းကိုရော၊ မယ်တွေအပေါ်မှာ ကာကွယ်ရပ်တည်မှုလုံးဝမရှိပဲ ကိုယ့်အတွက်ပဲရှေ့တန်းတင်ပြီး ထိမ်းချုပ်ထားချင်တဲ့ လှနုထွန်းရဲ့အေဂျင်စီကိုရော ပြင်းထန်စွာရှုံ့ချလိုက်ပါတယ် --
Dine Khin Khin

Yangon
0 comments:
Post a Comment