ဆင်းမ်ကတ်များ စတင်ရောင်းချချိန်မှစ၍ ဖုန်းလိုင်းကျပ်မှုအများဆုံးဖြစ်နေ သည့် ရန်ကုန်တိုင်းဒေသကြီးတွင် အော်ရီဒူးက တာဝါတိုင်များ ထပ်မံ တိုးချဲ့မည်


ဖုန်းလိုင်း ကျပ်မှုအများဆုံးဖြစ်နေသည့် ရန်ကုန် တိုင်းဒေသကြီးတွင် တာဝါတိုင်များ ဦးစားပေး ထပ်မံတိုးချဲ့သွားမည် ဖြစ်ကြောင်း အော်ပရေတာ တစ်ခု ဖြစ်သည့် အော်ရီဒူး(မြန်မာ)မှ သိရသည်။

အဆိုပါအော်ပရေတာမှဆင်းမ် ကတ်များကို မြို့ကြီး၆၈မြို့နယ်တွင် လိုင်းကောင်းမွန်စွာအသုံးပြုနိုင်ပြီ ဟု ကြေညာထားသော်လည်း နယ်မြို့ များတွင်သာ ဖုန်းပြောဆိုနိုင်ခြင်းများ ရှိပြီး ရန်ကုန်တွင် လက်ရှိအချိန်အထိ ဖုန်းလိုင်းကောင်းစွာမရသေးသဖြင့် တာဝါတိုင် တိုးချဲ့ တည်ဆောက်မည် ဖြစ်သည်ဟု သိရသည်။

အော်ရီဒူး(မြန်မာ)မှစီအီးအို Mr Ross Cormack က''ရန်ကုန်က တချို့နေရာတွေ လိုင်းမမိတာရှိပါ တယ်။ လက်ရှိ ရန်ကုန်ဧရိယာကိုပို ကောင်းအောင် လုပ်ပေးနေတယ်။ တစ်ပတ်၊ နှစ်ပတ်အတွင်းတော့ သိသာမှာမဟုတ်ဘူး။ တာဝါတိုင်ဘယ် လောက်ဆောက်မယ်ဆိုတာထက် ကွန်ရက်ဘယ်လောက်
ဖြန့်ကြက်နိုင် ပြီဆိုတာ အရေးကြီးပါတယ်'' ဟုပြော သည်။

လက်ရှိတွင် အင်တာနက်၊ ဖုန်း လိုင်းအသုံးပြုမှု ကွန်ရက်များအတွက် Base Station ပေါင်း၂ဝ ကျော် တည်ဆောက်ပြီးဖြစ်ကာ ထပ်မံ၍ သရက်၊ သာယာဝတီ၊ တောင်ငူနှင့် ပြင်ဦးလွင်အစရှိသည့် မြို့များတွင် လည်း လိုင်းအသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

အော်ရီဒူးမှဖုန်းပြောဆိုခများ သည် မိနစ်အလိုက်ဖြတ်သည့်စနစ် ဖြစ်သည့် အတွက် MPT ထက်ဖုန်း ပြောခ ပိုမိုဖြတ်တောက်မှုများရှိနေ ကြောင်း ယင်းကတ်အသုံးပြုသူများ က ပြောဆိုကြသည်။

အော်ရီဒူးဆင်းမ်ကတ်အသုံး ပြုသည့် ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ် သူဦးကျော်ဝင်းက ''အော်ရီဒူးက ရန်ကုန်မှာ လိုင်းမကောင်းသေးတာ အမှန်ပဲ။ တစ်ခါတလေ ပြောလို့ရရင် လဲ တစ်မိနစ်မပြည့်သေးဘူး။ ပိုက်ဆံ ဖြတ်တာ တစ်မိနစ်စာ ၃၅ကျပ် ဖြတ် တယ်။ အမ်ပီတီကကျတော့ စက္ကန့် အလိုက်မှတ်တဲ့ ပုံစံဆိုတော့ ပိုက်ဆံ ဖြတ်ရင်သိပ်မဖြတ်ဘူးလို့ထင်တယ်''ဟုပြောသည်။

ယင်းအော်ပရေတာမှ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များ အပါအဝင် မြို့ကြီး ၆၈မြို့နယ် တွင်သြဂုတ်၁၅ရက်မှစတင်၍ ဆင်းမ် ကတ်များ စတင်ရောင်းချခဲ့ခြင်းဖြစ် ပြီး လက်ရှိတွင် ကတ်ပေါင်း၁သန်း ကျော် ရောင်းချခဲ့ကာ ဆက်သွယ် ရေးကွန်ရက် ကိုးသန်းခန့်ဖြန့်ကြက် နိုင်ပြီဖြစ်သည်ဟု ထုတ်ပြန်ကြေညာ ချက်များအရ သိရသည်။

PPT
Democracaytoday
Yangon Media Group

0 comments:

Post a Comment