ဂျနီဖာလောရင့်စ်အပါအ၀င် နာမည်ကျော် ၁၀၀ ၏ ဖုန်းများကို ဟက်ကာတစ်ဦးက ထိုးဖောက်ပြီး ၀တ်လစ်စလစ်ပုံများ အင်တာနက်ပေါ်တင်


ဂျနီဖာလောရင့်စ်နှင့် ကိတ်အပ်တန်အပါအ၀င် နာမည်ကျော် ၁၀၀ ခန့်၏ ဖုန်းများအား ဆိုက်ဘာ ဟက်ကာတစ်ဦးက ထိုးဖောက်ဝင်ရောက်ပြီး ၎င်းတို့ရိုက်ကူး ထားသည့် ၀တ်လစ်စလစ်ပုံများကို အင်တာနက်ပေါ် သို့ တင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဓာတ်ပုံများကို iCloud မှ ရရှိခြင်းဖြစ်ကြောင်း Buzzfeed ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ယင်းကဲ့သို့ ဟက်ကာထိုးဖောက်မှု လုပ်ဆောင်ခဲ့သူက မိမိတွင် ဂျနီဖာလောရင့်စ်၏ ကြည်လင်ပြတ် သားသော ဗီဒီယိုဖိုင်များရှိနေပြီး သူမ၏ ၀တ်လစ်စလစ် Selfie ပုံ ၆၀ ကျော်လည်း ရှိနေသေးကြောင်း ရေးသားထားသည်။


ထို့ပြင် ဓာတ်ပုံများရရှိထားသူများ အမည်စာရင်းလည်း အင်တာနက်တွင် ဖော်ပြထားကြောင်း သိရသည်။

ဂျနီဇာလော့ရင့်စ်၏ ဓာတ်ပုံများသည် အစစ်များဖြစ်ကြောင်း ၎င်း၏ ကိုယ်စားလှယ်ဖြစ်သူက အတည် ပြု ပြောကြားသည်။

“ဒီလိုရပ်ဟာ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်ကို ချိုးဖောက်ရာ ရောက်ပါတယ်။ တာဝန်ရှိသူတွေအ နေနဲ့ လိုအပ်တဲ့ စုံစမ်းမှုတွေ ပြုလုပ်နေပြီး ဂျနီဖာလော့ ရင့်စ်ရဲ့ ဓာတ်ပုံတွေကို ခိုးယူပြီး အင်တာနက်တင်သူတွေကို အရေးယူသွားမှာပါ” ဟု ၎င်း၏ ရှေ့နေက ပြောကြားထားသည်။

လောရင့်စ် လိင်ဆက်ဆံနေသည့် ပုံစံပါရှိသည့် ဗီဒီယိုဖိုင်အား ရလိုသူများအနေဖြင့် မိမိအား ငွေပေးပါက ပို့ပေးနိုင်ကြောင်းလည်း အဆိုပါ ဟက်ကာ က ရေးသားထားသည်။

ဟက်ကာထိုးဖောက်ခံရသည်ဟု ပြောလာသည့် မင်းသမီး မာရီအဲလစ်ဇဘက်ဝင်းစတက်က သူမ၏ တွစ်တာတွင် ‘ဒီိဓာတ်ပုံတွေကို ကြည့်နေသူတွေ ကို ပြောချင်တာကတော့ ဒီပုံတွေကို ဟိုးနှစ်တွေက တည်းက ကျွန်မခင်ပွန်းနဲ့ ရိုက်ခဲ့တာဖြစ်လို့ ရှင်တို့အနေနဲ့ သေသေချာချာ နားလည်နိုင်လိမ့်မယ် လို့ မျှော်လင့် ပါတယ်’ ဟု ရေးသားထားသည်။
Ref:Daily Mail/Mirror
Mizzima

0 comments:

Post a Comment