လီကျွန်း တက္ကစီကားနောက် ခန်းထဲက လူသေအလောင်းထည့် ထားတဲ့ ခရီးဆောင်အိတ်ရဲ့ဇာတ် လမ်းကို National Enquirer က ရေးသား ဖော်ပြလာပါတယ်။


လောလောဆယ် အင် ဒိုနီးရှား ရဲတပ်ဖွဲ့က လူသတ်မှုအတွက် သံ သယရှိသူတစ်ဦးဖြစ်တဲ့ အသတ်ခံရသူရဲ့ သမီးဖြစ်သူနဲ့ ချစ်သူတို့ကို ဖမ်းဆီးထားပါ တယ်။

ဖမ်းဆီးခံထားရတဲ့သမီးဖြစ်သူ ဟီသာမက်ဟာ လူသတ်မှုအတွက် ကမ္ဘာ တစ်ဝန်း မီဒီယာစာမျက်နှာထက်မှာ ကျော် ကြားခဲ့သူဖြစ်ခဲ့ပြီး မိခင်သတ်ဖြတ်မှုစွဲချက် ကို ငြင်းဆိုထားပါတယ်။

National Enquirer က ဟီသာ မက်( ၁၉နှစ် )ကို လူသတ်မှုတရားခံအဖြစ် ထင်ရှားစေမယ့်အချက်အလက်တွေကို စုံ စမ်းဖော်ထုတ်လာပါတယ်။

Enquirerရဲ့ ဖော်ပြချက်အရ ဟီသာဟာ ချီကာဂိုမှာရှိစဉ် ကတည်းက မိခင်နဲ့ ဆိုးရွားတဲ့ဆက်ဆံရေး ရှိခဲ့တယ်လို့ သိရပါတယ်။ ဟီသာရဲ့မိခင် ရှီ လာနဲ့ ဟီသာတို့ဟာ ချီကာဂိုက ဥေု စမေု မြို့မှာ နေထိုင်ကြစဉ် မကြာခဏရန်ဖြစ်ခဲ့ ကြပြီး သားအမိနှစ်ဦးရဲ့ပြဿ နာအတွက် ဒေသခံရဲတွေကို ဖုန်းဆက်ခေါ်ပြီး ဖြေရှင်း ခိုင်းတာ ၈၆ကြိမ်တောင်ရှိခဲ့တယ်လို့ သိရ ပါတယ်။

Enquirer က ဟီသာရဲ့သူငယ် ချင်းတစ်ဦးဖြစ်တဲ့ အဲလက်ရီဗာရာကို အင် တာဗျူးပြုလုပ်ရာမှာ အဲလက်က ဟီသာ ဟာ လူဆိုးမလေးတစ်ဦးဖြစ်တယ်လို့ ဖြေ ကြားခဲ့ပြီး ရိုင်းစိုင်းသူတစ်ဦးလို့လည်းဆိုပါ တယ်။ အဲလက်က ဟီသာနှင့် သူမရဲ့မိခင် ပြဿ နာတွေကို မကြာခဏကူညီဖြေရှင်းခဲ့ဖူးပြီး ဟီသာရဲ့ချစ်သူ တွန်မီ( ၂၁နှစ် )က တော့ လူကောင်းတစ်ဦးဖြစ်တယ်လို့ဆိုပါ တယ်။ အဲလက်က ဟီသာဟာ တွန်မီကို ဒုက္ခတွင်းထဲ တွန်းချခဲ့ခြင်းသာဖြစ်တယ်လို့ ဆိုပါတယ်။

ရှီလာတို့မိသားစုမိတ်ဆွေတစ် ဦးကို မေးမြန်းရာမှာတော့ သားအမိနှစ် ယောက်ရဲ့ဆက်ဆံရေးဟာ အလွန်ဆိုးရွား တယ်လို့ဆိုပါတယ်။

အင်ဒိုနီးရှားအလည် အပတ်ခရီးစဉ်မှာလည်း ရှီလာဟာ ဟီသာ တို့ချစ်သူစုံတွဲနဲ့ ဟိုတယ်အခန်းခကုန်ကျ စရိတ်အတွက် အကြီးအကျယ်စကားများ ခဲ့ကြတယ်လို့ မျက်မြင်သက်သေတွေရဲ့အဆို အရ သိရပါတယ်။

နောက်တစ်နေ့မှာပဲ ရှီလာရဲ့ ကိုယ်တစ်ပိုင်းဗလာနဲ့ အလောင်းကို ခရီး ဆောင်အိတ်အတွင်း သက်ဆိုင်ရာကတွေ့ ရှိခဲ့ခြင်းဖြစ်ပါတယ်။ ဟီသာတို့စုံတွဲကိုတော့ နောက်တစ်နေ့မှာပဲ အလောင်းတွေ့ရှိခဲ့တဲ့ နေရာနဲ့ ခြောက်မိုင်ဝေးတဲ့ ဟိုတယ်တစ်လုံး မှာ ဖမ်းဆီးမိခဲ့ပါတယ်။

Enquirer ရဲ့ဖော်ပြချက်အရ ဟီသာ့ချစ်သူ တွန်မီဟာ ဇူလိုင်၂၂ရက်က သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်မှာ အင်ဒို နီးရှား ခရီးစဉ်က ပြန်လမ်းမမြင်ဘူးလို့ ရေး သားထားခဲ့တယ်လို့လည်း သိရပါတယ်။

ဟီသာတို့စုံတွဲရဲ့ သူငယ်ချင်းများ က ရှီလာအသတ်ခံရတဲ့အပေါ်မှာ အံ့သြမှု မရှိကြပေမယ့် တွန်မီ ဘာကြောင့်လူသတ် မှုထဲ ပါဝင်ခဲ့တယ်ဆိုတာတော့ သိချင်နေ ကြတယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားအာ ဏာပိုင်တွေက ဖမ်းဆီးထားတဲ့ ဟီသာတို့ စုံတွဲကတော့ လူသတ်မှုအတွက် ဝန်ခံခြင်း မရှိသေးဘဲ မိခင်ဖြစ်သူကို ဓားပြတွေသတ် ခဲ့ခြင်းဖြစ်ပြီး သူတို့တောင် အသက်ဘေး ကလွတ်အောင် မနည်းထွက်ပြေးခဲ့ရတယ် လို့ ထွက်ဆိုထားပါတယ်။

ဟီသာဟာ အခု ချီကာဂိုကရှေ့နေတစ်ဦးကို သူ့ရဲ့အမှုအတွက် ငှားရမ်းထားပြီး အင်ဒိုနီးရှားအာဏာပိုင် တွေက ရှေ့နေကို ဟီသာနဲ့တွေ့ ခွင့်မပေးဘူးလို့ သိရပါတယ်။

ရှီလာအသတ်ခံရမှုအ တွက် ဟီသာတို့စုံတွဲက ဝန်ခံခြင်း မရှိသေးပေမယ့် Enquirerက တော့ ဟီသာတို့စုံတွဲက ရှီလာကို သတ်ဖြတ်ခဲ့ခြင်းလို့ ယူဆနိုင်တဲ့အချက် တွေကို ဇောင်းပေးရေးသားဖော် ပြထားပါတယ်။

အင်ဒိုနီးရှား အာ ဏာပိုင်တွေကလည်း ဟီသာတို့စုံတွဲ ဟာ မိခင်ရှီလာ(၆၂နှစ်)ကို ရိုက်သတ် ပြီး ခရီးဆောင်အိတ်အတွင်း ထည့်ခဲ့တယ် လို့ ယုံကြည်နေကြပါတယ်

0 comments:

Post a Comment