MPT ဆင်းမ်ကတ် တစ်လအတွင်း တစ်သန်းကျော်ရောင်းချပြီးဟုဆို



ဓာတ်ပုံ - FB.com/MPT



မန်မာ့ဆက်သွယ်ရေးလုပ်ငန်းက စက်တင်ဘာ ၂၇ ရက်တွင် ဆင်းမ်ကတ်ပေါင်းနှစ်သိန်းခွဲကိုထပ်မံရောင်းချပေးခဲ့ပြီး တစ်လအတွင်း ဆင်းမ်ကတ်ပေါင်းတစ်သန်းကျော်အထိရောင်းချပေးပြီးဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ဒီနေ့ပဲ နှစ်သိန်းခွဲထပ်ပြီးတော့ချပေးတယ်။ သုံးစွဲသူတွေ အဆင်ပြေစေဖို့အတွက် တိုက်ရိုက်ရောင်းချပေးတဲ့ကိုယ်စားလှယ်အသစ်တွေထပ်ပြီးတိုးသွားဖို့လည်းလုပ်နေပါတယ်’’ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း စီးပွားရေးဌာန ဒါရိုက်တာဦးစောထူးသာကပြောသည်။


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် လက်ရှိတွင်၎င်းတို့၏ ဆင်းမ်ကတ်များအား တိုက်ရိုက်ရောင်းချပေးသည့်ကုမ္ပဏီပေါင်း ၂၂ ခု၊ ဖြန့်ချိရေးကိုယ်စားလှယ် ကုမ္ပဏီ ၁၃ခုတို့ဖြင့် နိုင်ငံတစ်ဝန်းတွင် ရောင်းချလျက်ရှိပြီး ကုမ္ပဏီဆယ်ခုနှင့် စာချုပ်ဆို၍ ထပ်မံတိုးချဲ့သွားရန် ညှိနှိုင်းမှုများပြုလုပ်လျက်ရှိသည်။

လက်ရှိတွင် ဈေးကွက်အတွင်း၌ MPT ဆင်းမ်ကတ်များမှာဆိုင်အနည်းစုတွင်သာဝယ်ယူ၍ရသည့်အတွက် မှောင်ခိုဈေးကွက်များဖြစ်ပေါ်လျက်ရှိပြီး ကိုယ်စားလှယ်ဆိုင်များထပ်တိုးလာမည်ဆိုပါက ဈေးတင်ရောင်းချမှုများအနည်းငယ်လျော့လာနိုင်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် စက်တင်ဘာ ၁ ရက်နေ့မှစ၍ လက်ရှိအချိန်အထိ ဆင်းမ်ကတ်ပေါင်းတစ်သန်းကျော်ကို လေးကြိမ်ခွဲ၍ချထားပေးခဲ့ပြီး စက်တင်ဘာ၂၃ ရက်အထိ ဆင်းမ်ကတ်များကို Activate ပြုလုပ်၍ အသုံးပြုသူပေါင်းကိုးသိန်းအထိရှိပြီဖြစ်သည်ဟုဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၂၀၁၄ ခုနှစ်သြဂုတ် မတိုင်မီအထိ ဆင်းမ်ကတ် ပေါင်းဆယ်သန်းကျော် ရောင်းချ ပေးထားပြီး ယခုလအတွင်း ရောင်းချပေးခဲ့သည့် တန်ဖိုးနည်း ဆင်းမ်ကတ်များ အပါအ၀င် ၁၁ သန်းကျော်အထိရှိပြီဖြစ် သည်။
7 Day

0 comments:

Post a Comment