မောင်တောနယ်စပ်၌တိုက်ပွဲဖြစ်ပွားမှုမရှိဟုဆို


မောင်တောနယ်စပ်တွင် ယခုရက်ပိုင်းအတွင်း မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့
နှင့်အာရ်အက်စ်အိုတို့ တိုက်ပွဲဖြစ်ပွားကြသည့်သတင်းမှာ မှန်ကန်မှုမရှိဘဲစက်
တင်ဘာ ၂၇ ရက် အထိ တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့ကြောင်း မောင်တောစခန်းမှူး 
ဒုရဲမှူး တင်ဝင်းက စံတော်ချိန်သို့ ပြောဆိုခဲ့သည်။

မောင်တောနယ်စပ်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ၀င်ရောက်လာသည့် သောင်းကျန်း
သူများဟု ယူဆရသူများနှင့် ရခိုင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့တို့ စက်တင်ဘာ 
၂၆ ရက်က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့ခြင်းကို ၎င်းကပြန်
လည်ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

"တိုက်ပွဲဖြစ်ပွားမှု လုံးဝမရှိပါဘူး။ ဒီလအတွင်းမှာကို တိုက်ခိုက်မှုတစ်ခါမှ မဖြစ်
ပါဘူး။ကျွန်တော်တို့ကတော့ မြို့ပေါ်မှာပေါ့။ဒါပေမဲ့နယ်ခြားစောင့်တပ်နဲ့အဆက်
အသွယ်ရှိပါတယ်။ ဘာမှမရှိပါဘူး။ မြို့ပေါ်မှာလည်း အေးဆေးပါပဲ"ဟု ဒုရဲမှူးက 
ပြောဆိုသည်။
စံတော်ချိန်

မောင်တောနယ်စပ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်ဆိုသောသတင်းသည်မှန်ကန်
မှုမရှိဘဲ ကောလာဟလသာဖြစ်ကြောင်း ၎င်းင်းကငြင်းဆန်ခဲ့သည်။နယ်စပ်ကိစ္စ
ရပ်များ ပူးပေါင်းဆောင်ရွက်ရန်အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်စပ်
လုံခြုံရေးအရာရှိများ တပ်ရင်းမှူးအဆင့်အစည်းအဝေးကို စက်တင်ဘာ၂၄ ရက်
က နှစ်နိုင်ငံနယ်စပ်ချစ်ကြည်ရေးတံတားအနီး မောင်တောနယ်စပ်ဒေသ တောင်ပြို
လက်ဝဲရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း ခေါင်းတုံးဒေသ၌ ကျင်းပခဲ့သည်။

0 comments:

Post a Comment