နဖူးတွင် ခွဲစိတ်ပြုပြင်ကာ ဦးချိုများတပ်ထားသည့် အမေရိကန် လူသတ်သမားကို ထောင်ဒဏ် တစ်သက် ချမှတ်



အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ် စပရင်းဖီးမြို့ တရားရုံး ဂျူရီအဖွဲ့က ကေးယက်စ်ဗောဗစ် ဆိုသူကို ပြန်ပေးဆွဲမှု သုံးခု၊ မျက်မြင်သက်သေတစ်ဦးအား ခြိမ်းခြောက်မှု၊ လူသုံးဦးအား သတ်ဖြတ် ကာ ခန္ဓာကိုယ်အစိတ်အပိုင်းများအား ဖြတ်တောက်ခဲ့မှုတို့ဖြင့် စက်တင်ဘာ ၂၇ ရက်က ထောင်ဒဏ် တစ်သက်ချမှတ်လိုက်ကြောင်း သိရသည်။




နဖူးတွင် ဦးချိုပုံအသားပိုများကို ပြုပြင်တပ်ဆင်ထားပြီး ဆေးမင်ကြောင် ၆၆၆ ခု ထိုးထားသည့် ဗောဗစ်သည် ၎င်းအား စီရင်ချက်ချခဲ့သည့် ဂျူရီအဖွဲ့ကို တရားခွင်အတွင်း ဟစ်အော် ဆဲဆိုခဲ့ကြောင်း သိရသည်။


ဗောဗစ်နှင့်အတူ ပြစ်မှုကျူးလွန်ခဲ့သူ နှစ်ဦးကိုလည်း လူသတ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ပြီး ဖြစ်ကြောင်း သိရသည်။

Ref: AP
by Mizzima News

0 comments:

Post a Comment