အမေရိကန်နှင့် ဗြိတိန်တိုက်လေယာဉ်များက စစ်သွေးကြွများ၏ ပစ်မှတ်များကို တိုက်ခိုက်

အမေရိကန်ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့များက ဆီးရီးယားရှိ IS စစ်သွေးကြွအဖွဲ့ကို စက်တင်ဘာ ၂၇ ရက်က ဆီးရီး ယားနိုင် ငံအတွင်း လေကြောင်းမှတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ဗြိတိန်တိုက် လေယာဉ်များကလည်း အီရတ်နယ်မြေအတွင်း စတင် ပျံသန်းခဲ့ကြောင်း သိရသည်။



ဆီးရီးယားနိုင်ငံအတွင်းသို့ လာရောက်တိုက်ခိုက်ခြင်းသည် အစ္စလာမ်တို့အား စစ်ပွဲဆင်နွှဲခြင်းဖြစ် သောကြောင့် ယခုတိုက်ခိုက်သည့်အဖွဲ့တွင် ပါဝင်သော နိုင်ငံများ၏ အကျိုးစီးပွားများကို တုန့်ပြန် တိုက်ခိုက်သွားမည်ဟု ဆီးရီးယားနိုင်ငံအတွင်းမှ အယ်လ်ကိုင်ဒါအဖွဲ့ခွဲဖြစ်သည့် အယ်လ်နျူဆာဖရန့် အဖွဲ့က ထုတ်ပြန်လိုက်သည်။

စစ်သွေးကြွများ၏ သိမ်းပိုက်ခံထားရသည့် တူရကီနှင့်နယ်စပ်မှ ကာ့ဒ်လူမျိုးများ၏ ကိုဘိန်းမြို့ အပါအ၀င် ပစ်မှတ်ခုနစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောကြားခဲ့သည်။

ဗြိတိန်တော်ဝင်လေတပ်ဖွဲ့မှ တော်နေးဒိုး GR4 ဂျက်တိုက်လေယာဉ်များကလည်း အီရတ်နယ်မြေ အတွင်း ပျံသန်းခဲ့သော်လည်း ဗုံးကြဲ တိုက်ခိုက်ခြင်း မပြုလုပ်ခဲ့ကြောင်း သိရသည်။

အီရတ်နိုင်ငံအတွင်းရှိ IS အဖွဲ့အား တိုက်ခိုက်ရန် ပြင်သစ်နှင့် နယ်သာလန်အဖွဲ့တွင် ပူးပေါင်းရန် ဘယ်လ်ဂျီယံနှင့် ဒိန်းမတ်နိုင်ငံတို့ကလည်း သဘောတူညီထားကြောင်း သိရသည်။

ဆီးရီးယားရှိ စစ်သွေးကြွများကို လေကြောင်းတစ်ခုတည်းဖြင့် ချေမှုန်းနိုင်မည်မဟုတ်ဘဲ ၎င်းတို့အား တိုက်ခိုက်ရန် သဘောထားအသင့် အတင့်ရှိ သည့် သူပုန် ၁၅၀၀၀ အား လေ့ကျင့်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း အမေရိကန်အစိုးရက ပြောကြားထားသည်။
Ref:AFP
Mizzima

0 comments:

Post a Comment