မဟာမြိုင်တောကြီးအတွင်း လယ်ထွန်စက်တိမ်းမှောက်၍ လူနှစ်ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်း၊
မင်းကင်းမြို့နယ်၊ ရွာတော်ကျေးရွာ၏ မြောက်
ဘက် ပက်မိုးချောင်းဖျား နေရာ မဟာမြိုင်တောကြီး
အတွင်း၌ ယခုလ ၂၇ ရက်နေ့က လယ်ထွန်
စက်တိမ်းမှောက်၍ လူနှစ်ဦးသေဆုံးခဲ့ သည်။

လယ်ထွန်းစက်တိမ်းမှောက်သည့်နေရာ၌ သေဆုံးသူ လူနှစ်ဦးမှာ ကိုသိန်းစိုး အသက်(၃၆)နှစ်ဆိုသူနှင့် မမြ သက်အောင် အသက်(၁၈)နှစ်ဆိုသူတို့ဖြစ် ကြောင်း ပျဉ်းကိုင်းနယ်မြေရဲကင်းစခန်း၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။ လယ်ထွန်စက် တိမ်းမှောက်ရ ခြင်းနှင့်ပတ်သက်၍လည်း ပက်မိုးချောင်းဖျားတောင်အ တက်တွင် လယ်ထွန်စက်မှ နောက်ပြန်လှိမ့်ကာ တိမ်း မှောက်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ၎င်းရဲစခန်းက ခန့်မှန်း ထားသည်။

ထို့ကြောင့် မောက္ကတော်နယ်မြေရဲစခန်းက ယာဉ်(ပ) ၃/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၄ - က အရအမှုရေးဖွင့်ထား ကြောင်း သိရသည်။ (မှတ်ချက် ဤဓာတ်ပုံသည် အဆိုပါ အမှုဖြစ်စဉ်များနှင့် သက်ဆိုင်ခြင်းမရှိပါ..။ မိတ်ဆွေများအနေဖြင့် သတင်း စိတ်ဝင်စားမှုရှိစေရေန် ဆီလျော်အောင် ရည်ရွယ်၍ ဖော်ပြပေးခြင်းဖြစ်သည်။)

သတင်း၊ ကိုတိုးကြီး
မင်းကင်း၊ စက်တင်ဘာ ၂၈

0 comments:

Post a Comment