ထိုင်းဝန်ကြီးချုပ်ခရီးစဉ် ရွှေ့ဆိုင်း



ထိုင်းဝန်ကြီးချုပ်သစ် ပရာယွတ်ချန်အိုချာ (ဓာတ်ပုံ− straitstimes)



မန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်လာရောက်မည့် အာဏာ သိမ်းစစ်ခေါင်းဆောင် ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်၏ ခရီးစဉ်ကို ရက်အနည်းငယ်ရွှေ့ဆိုင်းလိုက်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်းရရှိ သည်။

‘‘အရင်က အောက်တိုဘာ လဆန်းပိုင်းလာမယ်လို့ ညှိထား တာပေါ့။ အခုတော့ နည်းနည်း ရွှေ့ဆိုင်းထားတယ်လို့သိထားပါ တယ်။ နောက်ထပ် တစ်လထဲကို ရွှေ့လိုက်တာတော့မဟုတ်ပါဘူး။ရက်နည်းနည်းနောက်ဆုတ်လိုက် တာပါ။ လာမှာကတော့ သေချာ ပါတယ်’’ဟု နိုင်ငံခြားရေးဝန်ကြီး ဌာန၊ နိုင်ငံရေးရာဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးကျော်ဇေယျ ကပြောကြားသည်။

ခရီးစဉ်ရက် နောက်ဆုတ် လိုက်ခြင်းကို မည်သည့်အကြောင်း ကြောင့်ဟုမသိသေးကြောင်း ၎င်း ကပြောသည်။

ထိုင်းဝန်ကြီးချုပ်ပရာယွတ် မှာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံမည်ဖြစ်ပြီး ရန်ကုန်မြို့ထိုင်းသံရုံးတွင် ထိုင်းနိုင်ငံသားအချို့နှင့်တွေ့ဆုံရန် အစီအစဉ်ရှိကြောင်း ဘန်ကောက်ပို့စ်သတင်းစာတွင်ဖော်ပြထားသည်။

၎င်း၏မြန်မာခရီးစဉ်အတွင်း ယခင် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်လက်ထက်တွင် မြန်မာ အစိုးရနှင့် ဆွေးနွေးလက်စဖြစ် သည့် ထားဝယ်ရေနက်ဆိပ်ကမ်း ကို ဆက်လက်လုပ်ကိုင်ရန်နှင့် နှစ်နိုင်ငံစီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံ ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး ရန်ရှိကြောင်း လေ့လာသုံးသပ်သူ တို့ကပြောကြားထားသည်။

ထို့ပြင် ရွှေ့ပြောင်းလုပ်သား များကိစ္စကိုလည်း ဆွေးနွေးဖွယ်ရှိပြီး ကာကွယ်ရေးဦးစီးချုပ်ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင် ထိုင်း နိုင်ငံသို့ ဇွန်လကသွားရောက်ခဲ့ပြီးနောက် မြန်မာရွှေ့ပြောင်းလုပ်သားများအား အသိအမှတ်ပြုကတ် ပြားများထုတ်ပေးခြင်းကို ထိုင်း အစိုးရက ဆောင်ရွက်ပေးခဲ့သည်။
7 Day

0 comments:

Post a Comment