ဘင်္ဂါလီများနိုင်ငံသားဖြစ်ခွင့်လုပ်ငန်းစဉ် ဘန်ကီမွန်း အလေးထားပြော



ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း (ဓာတ်ပုံ - ရိုက်တာ)

မြန်မာနိုင်ငံသည် စီးပွား ရေး၊ လူမှုရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေး ကဏ္ဍတို့တွင် အောင်မြင်မှုများ ရရှိထားသော် လည်း ရခိုင်ပြည်နယ်အတွင်းရှိ လူမှုအသိုင်းအဝိုင်းနှစ်ခုကြား တင်းမာမှုများနှင့် နိုင်ငံပြုပြင် ပြောင်းလဲရေးကို ထိခိုက်စေနိုင်ပြီး ဘင်္ဂါလီများအား နိုင်ငံသားဖြစ်ခွင့် လုပ်ငန်းစဉ်များ ပြည့်စုံကောင်း မွန်အောင် ဆောင်ရွက်ရန်အထူး အလေးထားတိုက်တွန်းကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ပြောကြားသည်။

(၆၉)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အလွတ်သဘော အစည်းအဝေးအဖြစ် စက်တင်ဘာ ၂၆ ရက်ကပြုလုပ်ခဲ့သော မြန်မာ့မိတ်ဖက်များဝန်ကြီးအဆင့်အစည်းအဝေးဖွင့်ပွဲတွင် မစ္စတာဘန်ကီမွန်းက မြန် မာ့အရေးနှင့်ပတ်သက်၍ သုံးသပ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းအစည်းအဝေးများသို့ မြန်မာနိုင်ငံမှ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းသာတက်ရောက်ခဲ့ပြီး ဦးဝဏ္ဏမောင်လွင်မှာ စက်တင် ဘာ ၂၉ ရက်တွင် မြန်မာ့နိုင်ငံရေး အခြေအနေနှင့်ပတ်သက်၍ ကြေ ညာချက်တစ်စောင်ကိုတင်သွင်း မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာန ဒုဝန်ကြီးဦးသန့်ကျော်က ပြောကြားသည်။

လူမျိုးရေးပဋိပက္ခအခြေ အနေကို စိုးရိမ်စရာဟုထောက်ပြ ပြောဆိုခဲ့သော်လည်း မြန်မာ သည် အာဆီယံဥက္ကဋ္ဌရာထူးကို ထမ်းဆောင်ခြင်းကဲ့သို့ ကိစ္စရပ် များအပါအဝင် ဒေသတွင်းရော နိုင်ငံတကာတွင်ပါ ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်နိုင် ခဲ့ကြောင်းဘန်ကပြောကြားသည်။

ထို့ပြင် မကြာမီ ၂၀၁၅ ရွေး ကောက်ပွဲကျင်းပရန် ပြင်ဆင်ရတော့မည်ဖြစ်၍ အခက်အခဲ အကျပ်အတည်းများကို ကျိန်းသေရင်ဆိုင် ကျော်လွှားရမည်ဖြစ် ကြောင်း ဘန်ကီမွန်းက ထောက် ပြပြောကြားသွားသည်။

‘‘ မြန်မာ့နိုင်ငံရေးနဲ့ ပတ် သက်လို့ အပြောင်းအလဲဆိုတာ ကတော့ အချိန်ယူရတာပဲ။ အခု ဘန်ကီမွန်းပြောတာကလည်း ပုံမှန်နိုင်ငံတကာအသိုင်းအဝိုင်းက ပြောနေကျကိစ္စပဲ။ ဒါကြောင့် မြန်မာဘက်ကလည်း အစိုးရရဲ့ လက်ရှိမူဝါဒအတိုင်းပဲ ပြန်ပြီး ဆွေးနွေးသွားခဲ့တယ်။ ရခိုင်ကိစ္စ က မြေပြင်တကယ်ဆင်းကြည့်မှ သိမှာဖြစ်တယ်။ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ဖြစ်ပေါ်တိုးတက်မှု တွေကို ၂၉ ရက်နေ့မှာ ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကြေညာ ချက်တစ်စောင်တင်သွင်းမှာဖြစ် တယ်’’ဟု နိုင်ငံခြားရေးဝန်ကြီး ဌာန၊ နိုင်ငံရေးရာဦးစီးဌာနမှ အဆင့်မြင့်အရာရှိကြီး တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုဖြစ်စဉ်များကိုလည်း ဆွေးနွေးပွဲတက်ရောက်ရသည့် ၎င်း၏အထူးအကြံပေးမှတစ်ဆင့် နီးကပ်စွာလေ့လာနေပြီး ကုလ သမဂ္ဂက မြန်မာနိုင်ငံငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အထောက်အကူပြု သည့်အခန်းကဏ္ဍ၌ ဆက်လက်ပါဝင်လိုကြောင်း ဘန်ကီမွန်းကပြောကြားခဲ့သည်။

ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာ နိုင်ငံတွင် သန်းခေါင်စာရင်း ကောက်ယူခဲ့သော်လည်း ရခိုင်နှင့်ကချင်ပြည်နယ်ရှိ လူနည်းစုများကို ဖယ်ထုတ်ခံထားရမှုများရှိသည်ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံအရေးကို ကုလ သမဂ္ဂတွင် အစည်းအဝေးတစ်ခုအဖြစ်ဆွေးနွေးရန် ဘန်ကီမွန်းက မြန်မာ့မိတ်ဆွေများအဖွဲ့ (Frien-ds of Myanmar)အမည်ဖြင့်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ စတင်ဖွဲ့စည်းစဉ်ကတည်းက မြန်မာနိုင်ငံအား ပါဝင်ဆွေးနွေးရန်ဖိတ်ခေါ်ခဲ့သော်လည်း မြန်မာက ပါဝင်ဆွေးနွေးခဲ့ခြင်းမရှိပေ။ အစိုးရသစ်လက်ထက်တွင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကြောင့် မြန်မာ့မိတ်ဖက်များ အဖွဲ့ (Partnership Group in Myanmar)ဟု အမည်ပြောင်းလဲလိုက်ပြီး ၂၀၀၃ ၌ မြန်မာနိုင်ငံမှ ဝန်ကြီးဦးခင်ရီစတင်တက်ရောက်ခဲ့သည်။

ယင်း ကုလညီလာခံသို့ မြန် မာနိုင်ငံကရင်အမျိုးသမီးများ အစည်းအရုံးဥက္ကဋ္ဌဒေါ်ဆူဇန်နာ လှလှစိုးလည်း တက်ရောက်နေပြီး အကြမ်းဖက်မှုများကြားက အမျိုး သမီးများခေါင်းစဉ်ဖြင့် အစည်း အဝေးတွင် မြန်မာကိုယ်စားပြု၍ ပြောကြားခဲ့သည်။

‘‘၂၉ ရက်မှာ မြန်မာမှာတစ် နှစ်လုံးဖြစ်ပေါ်ခဲ့တဲ့အနေအထား ကို Political statement အနေနဲ့ ဝန်ကြီးက ညီလာခံမှာတင်သွင်း မှာပါ။ အဲဒီမှာ လူမှုရေး၊ စီးပွား ရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအားလုံး ပါပါတယ်။ မြန်မာက အရပ်ဘက် အဖွဲ့အစည်းတွေ ဆွေးနွေးတဲ့ အစည်းအဝေးတွေမှာ ဝန်ကြီး တက်ရောက်ဖို့က agenda အရ တော့ ခဲယဉ်းပါတယ်’’ဟု နိုင်ငံ ခြားရေးဝန်ကြီးဌာန အဆင့်မြင့် အရာရှိကြီးကဆိုသည်။

ကုလအထွေထွေညီလာခံ ၌ မြန်မာအစိုးရပါဝင်ဆွေးနွေး ရမည့် အစည်းအဝေးများမှာ အောက်တိုဘာ ၄ ရက်တွင် ပြီးဆုံးမည်ဖြစ်သည်။
7 Day

0 comments:

Post a Comment