ရွှေပြည်တံခွန်အများပိုင်ကုမ္ပဏီလီမိတက်မှ Chairman & Managing Director ဖြစ်သူ ဦးလွင်နိုင်ဦးနှင့် တွေ့ဆုံခြင်း

အော်ပရေတာတွေဘက်ကလည်း တကယ်ဖုန်းမကိုင်နိုင်သေးတဲ့သူတွေကို
Target ထားရောင်းတဲ့စနစ်နဲ့သွားသင့်တယ်

- ဖူးပွင့်သော် တွေ့ဆုံမေးမြန်းသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆင်းမ်ကတ်တစ်ကတ်လျှင် ကျပ်ငါးသိန်းနှုန်းဖြင့် ရောင်းချနေသည့် ၂ဝ၁၁ ခုနှစ်အတွင်း ဆင်းမ်ကတ်တစ်ကတ်ကို ကျပ်ငါးထောင် ဖြင့် ရောင်းပေးနိုင်ပြီး ဆက်သွယ်ရေးကွန်ရက်ဖြန့်ကြက်ဖို့အတွက်လည်း နည်းပညာရှိသည်ဟု ပြောကြားခဲ့သည့် ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်သည့် ရွှေပြည်တံခွန်အများပိုင် ကုမ္ပဏီ လီမိတက်မှ Chairman & Managing Director ဖြစ်သူ ဦးလွင်နိုင်ဦးနှင့်တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

မေး- လတ်တလောဆက်သွယ်ရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ အပိုင်းကိုပြောပြပေးပါ။

ဖြေ- ဆက်သွယ်ရေးလုပ်ငန်းကိုအထောက်အကူပြုနိုင် မယ့် ကွန်ရက်တည်ဆောက်တဲ့ လုပ်ငန်းကိုဆောင် ရွက်နေပါတယ်၊ အရင်ကတည်းကလုပ်နေတဲ့ မူရင်း Technical ပါတနာတွေနဲ့ပူးပေါင်းပြီး နက်ဝေါ့ခ်အပိုင်း ကိုလုပ်နေတယ်၊ လိုင်စင်ရဆက်သွယ်ရေးအော်ပရေ တာတွေက ဒီလုပ်ငန်းတွေလုပ်ဖို့အတွက် ကမ်းလှမ်းလာ ရင်ကွန်ရက်ဖြန့်ကြက်မှုလုပ်ငန်းကို တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ ဆောင်ရွက်သွားဖို့ အစီအစဉ်တွေရှိပါတယ်။

မေး-ဆက်သွယ်ရေးကွန်ရက်မှာ ဘယ်လိုနည်းပညာ ပိုင်းနဲ့ လုပ်ဆောင်သွားမှာလဲ။

ဖြေ- နည်းပညာအနေနဲ့ကတော့ လက်ရှိအသုံးပြုနေတဲ့ 2G,3G နည်းပညာတွေကို အထောက်အပံ့ပေးနိုင်ဖို့ အတွက်ဆောင်ရွက်ထားပါတယ်။

မေး- မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆင်းမ်ကတ် တစ်ကတ်ကို ကျပ်နှစ်သိန်းနဲ့ရောင်းနေတဲ့အချိန်မှာ ရွှေ ပြည်တံခွန်ကုမ္ပဏီကနေ ဆင်းမ်ကတ်တစ်ကတ်ကို ကျပ် ငါးထောင်နဲ့ရောင်းနိုင်အောင်လုပ်မယ်ဆိုပြီး ၂ဝ၁၁ခုနှစ် လောက်က ကြေညာခဲ့တယ်၊ နောက်ပိုင်းပျောက်သွား တယ်။ ဘာကြောင့်လဲ။ 

ဖြေ- ဟုတ်ပါတယ်။ အခုဆိုငါးထောင်ဖိုး သုံးလုံးခေတ် ဖြစ်နေပါပြီ၊ အဓိကကတော့ နိုင်ငံတော်ရဲ့ပြုပြင်ပြောင်း လဲမှုပေါ်မူတည်ပြီး အားလုံးအကျိုးခံစားလာရတာလို့ မြင်ပါတယ်၊ လင်းလက်တောက်ပတဲ့အနာဂတ်ပေါ့၊ အရင်ကဆိုရင် ဖုန်းတစ်လုံးကိုင်ရဖို့ အင်မတန်ခက်ခဲ တယ်၊ ပိုက်ဆံရှိ လူတန်းစားတစ်ရပ်ပဲကိုင်နိုင်တယ်၊ ကျွန် တော်တို့က ရေရှည်ရင်းနှီးမြှုပ်နှံတဲ့ ပုံစံနဲ့သွားရင် ဆင်းမ် ကတ်တွေကို ဈေးပေါပေါနဲ့ ရောင်းနိုင်မယ်လို့တွက် ချက်မိပြီး အစိုးရပိုင်းကိုတင်ပြလိုက်ခြင်းဖြစ်ပါတယ်။

မေး- လက်ရှိအော်ပရေတာတွေဆင်းမ်ကတ်ရောင်းနေ တဲ့ အပိုင်းကိုဘယ်လိုမြင်လဲ။

ဖြေ- ဆင်းမ်ကတ်တွေရဲ့ကွန်ရက်ဖြန့်ဖြူးနိုင်မှု အခြေ အနေပေါ် မူတည်ပြီး ပြည်သူတွေရဲ့လက်ထဲကိုရောက် ရှိတာလည်း အားရတယ်လို့ပြောရမှာပါ၊ ကုမ္ပဏီတွေတစ် ခုနဲ့ တစ်ခုအပြိုင်အဆိုင်ကိုချနေတယ်ဆိုတော့၊ အဲဒီအ ပေါ်မှာလဲ ကျွန်တော်တို့ ကုမ္ပဏီတစ်ခုတည်းတင် မ ဟုတ်ဘူး။ တစ်ပြည်လုံးမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ အထောက်အကူတွေဖြစ်လာမယ်ထင်တယ်။

မေး- လက်ရှိမှာ နိုင်ငံခြားအော်ပရေတာတွေကလဲ ရောင်းနေကြပြီ၊ အော်ရီဒူးဆင်းမ်ကတ်ဆိုလဲ အလုအ ယက်ဝယ်လိုက်ကြတာပဲ၊ အဲဒီမှာ မှောင်ခိုဈေးကွက်ဖြစ် လာတဲ့အပေါ် ဘယ်လိုထင်မြင်မိပါသလဲ။

ဖြေ- ဒါကတော့ ဝယ်လိုအားနဲ့ရောင်းလိုအားမမျှတဲ့အ ပေါ်မှာ ဖြစ်ပျက်သွားတဲ့ပုံစံလို့မြင်တယ်၊ နောက်ပိုင်း Balanceြ ဖြစ်သွားတဲ့အခြေအနေ ဆိုရင်တော့ ဈေးကွက် ပုံမှန်အနေအထားရောက်သွားမှာပါ၊ အဓိကကပြည်သူ တွေက အရင်ကလွယ်လွယ်သုံးမရခဲ့ဘူး၊ ငတ်မွတ်နေတဲ့ အချိန်မှာ ဈေးပေါပေါနဲ့စိတ်ကြိုက်ဝယ်လို့ရတဲ့ ပုံစံဖြစ် သွားတယ်၊ တစ်ဖက်ကလဲလက်ဝါးကြီးအုပ်မယ့် စီးပွား ရေးသမားတွေကလဲရှိတော့ မမျှတတဲ့ပုံစံဖြစ်သွားတာ ပါ၊ အော်ပရေတာတွေဘက်ကလည်း တကယ်ဖုန်းမကိုင် နိုင်သေးတဲ့သူတွေကို Target ထားရောင်းတဲ့ စနစ်နဲ့ သွားသင့်တယ်။

မေး- ပြည်ပအော်ပရေတာတွေအနေနဲ့လည်း ဆင်းမ် ကတ်တွေသာရောင်းတယ်၊ တကယ်တမ်းအသုံးပြုတဲ့ အခါ သုံးလို့မရတာတွေဖြစ်ခဲ့တယ်၊ ဆက်သွယ်ရေးဝန် ဆောင်မှုတွေအပေါ်မှာ ဘယ်လိုသုံးသပ်ချင်ပါသလဲ။

ဖြေ- အော်ပရေတာတွေရဲ့ဆက်သွယ်ရေးဝန်ဆောင် မှုတွေက တဖြည်းဖြည်းချင်းတော့ ကောင်းလာမှာပါ၊ နောက်ပြီး ဆက်သွယ်ရေးလုပ်ငန်းကို အရှိန်အဟုန်နဲ့ ပြုပြင်ပြောင်းလဲတဲ့နေရာမှာ ပြည်သူကိုဗဟိုပြုတဲ့ စီမံကိန်း ပေါ်လစီတွေချရင် အခုထက်ပိုကောင်းလာမှာပါလို့ သုံးသပ်ချင်တယ်။

မေး- လက်ရှိဈေးကွက်ထဲမှာ MPT ရဲ့ဆင်းမ်ကတ်ဈေး နှုန်းက အဆမတန်ကိုမြင့်တက်နေတယ်၊ပြည်သူကလဲ အမ်ပီတီရဲ့စီမံခန့်ခွဲမှုအားနည်းတာကြောင့်လို့ ပြောကြ တယ်။

ဖြေ- ဒါကလဲ စီးပွားရေးသဘောတရားအရရောင်းပေးတဲ့ ပမာဏနဲ့ ဝယ်လိုတဲ့ပမာဏမမျှလို့ ဈေးတွေအဆမတန် ဖြစ်တာပါ၊အမ်ပီတီအနေနဲ့ကလည်း သူ့မှာ နိုင်ငံခြားပါ တနာရှိတာပဲ စီမံခန့်ခွဲမှုတစ်ခုရဲ့ အစပိုင်းမှာဖြစ်တတ်တဲ့ သဘောသဘာဝလို့ပဲမြင်တယ်၊ နောက်ပိုင်းကျရင်ဒါတွေ ကိုပြုပြင်ပြောင်းလဲပစ်ဖို့ပဲလိုအပ်တာပါ။

မေး- အော်ပရေတာကထုတ်ရောင်းတဲ့ကတ်တွေအနေနဲ့ ဈေးနှုန်းမမြင့်အောင် ဘယ်လိုတွေပြင်ဆင်ထားသင့်လဲ။

ဖြေ- အော်ပရေတာတွေအနေနဲ့ဒီဈေးနှုန်းအပိုင်းကိုအများကြီး ထိန်းချုပ်ရမှာပါ၊ ပြည်သူကိုဗဟိုပြုတဲ့ စီးပွားရေး လုပ်ငန်းလုပ်တဲ့ပုံစံနဲ့သူတို့လည်း လုပ်ကိုင်ရမယ်လို့ ထင်တယ်။ ဒါမှလည်းအခုတွေ့ကြုံနေရတဲ့အခက်အခဲ ကို ကျော်လွှားနိုင်မယ်လို့ယုံကြည်တယ်။

မေး- ရွှေပြည်တံခွန်အနေနဲ့လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ပြည်တွင်းမှာ ဟန်းဆက်ထုတ်ဖို့စီစဉ်နေတယ်လို့ သိရပါ တယ်၊ ဘယ်လိုအပိုင်းတွေဆောင်ရွက် ထားပါသလဲ။

ဖြေ- အဲဒီ့လုပ်ငန်းအပိုင်းကိုရပ်နားထားပါတယ်၊ တယ် လီကွန်းလောကမှာ ယှဉ်ပြိုင်နိုင်တဲ့တခြားနိုင်ငံခြားက ဟန်းဆက်တွေလဲဈေးနည်းနည်းနဲ့ သုံးလို့ရနေတယ် ဆိုတော့ ဟန်းဆက်ထုတ်တာကိုရပ်ထားတဲ့သဘောပါ၊ အခုအီလက်ထရွန်နစ် လူသုံးကုန်ပစ္စည်း ထုတ်လုပ်နိုင် အောင်ဆောင်ရွက်နေပါတယ်၊ အချိန်တစ်ခုတော့ ယူရမှာပါ၊ စီးပွားရေးအရပြန်တွက်ရင်ရေရှည်တွက် ခြေမကိုက်မှာလဲစိုးရတယ်၊ ပြည်ပကထုတ်ကုန်တွေနဲ့ လည်း ပြန်ချိန်ဆရတဲ့ အပိုင်းလည်းရှိပါတယ်။

အခုလိုဖြေကြားပေးတာကျေးဇူးတင်ပါတယ်။

0 comments:

Post a Comment