၂၀၁၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ ကို ဒီဇင်ဘာလ ၂၇ ရက်တွင် Myanmar Event Park ၌ ကျင်းပမည်


မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး က ကြီးမှူး ကျင်းပမည့် ၂၀၁၃ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင် ထူးချွန် ဆုပေးပွဲကို ဒီဇင်ဘာလ ၂၇ ရက်တွင် စမ်းချောင်းမြို့နယ် ၊ ရှင်စောပုလမ်း ရှိ Myanmar Event Park ၌ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။ 

" အကယ်ဒမီ အတွက် ဒုတိယအဆင့် အကဲဖြတ် ကြည့်ရှုမှု ကလည်း ပြီးသလောက် ဖြစ်နေပါပြီ ၊ နောက်လထဲမှာ အကယ်ဒမီ စင်မြင့် ဆောက်ဖို့ ၊ အကယ်ဒမီ ဗန်းကိုင်ရွေးဖို့ ကိစ္စတွေ စလုပ်တော့မယ် ၊ ဒီဇင်ဘာလ ၂၇ ရက်ကို ရွေးလိုက် တာကလည်း အဲဒီရက်က စနေနေ့လည် ဖြစ်တယ်။ နေ့ကောင်း ရက်သာလည်း ကျတဲ့အတွက် ရွေးလိုက် တာပါ ... " ဟု ၄င်းက ဆက်လက် ပြောပြသည်။ 


ယခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အတွက် ၂ဝ၁၃ ခုနှစ်အတွင်း ရုံတင် ပြသခဲ့သော ဇာတ်လမ်းဟောင်း တွေရှိခဲ့ရင်၊ ပြုံးပြုံး ပျော်ပျော် ထော်လော် ကန့်လန့်၊ စေတန်ရဲ့ ကချေသည်၊ အလန်းဇယား- ၂၊ နင်စေရင်၊သေးသေးလေး ပဲလား ကြီးကြီးလား၊ ကြယ်စင်မော်ကွန်း၊ ဟတ်ကော့၊ လူရွှင်တော် အိပ်မက်၊ ဆယ့်နှစ်နာရီ သတို့သား၊ စုန်းပြူး၊ ရက်စ်ဘော့စ်၊ အဖြူရောင် ရဲတိုက်၊ အမိုက်စား၊ ကိုယ့်အထာ နှင့်ကိုယ် စသည့် ဇာတ်ကားများ ထဲမှစုန်းပြူး၊ စေတန်ရဲ့ ကချေသည်၊ ကြယ်စင်မော်ကွန်း၊ အဖြူရောင် ရဲတိုက်၊ နင်စေရင်၊ ကိုယ့်အထာနဲ့ ကိုယ် စသည့် ဇာတ်ကား ခြောက်ကားကို နောက်ဆုံး ဆန်ခါတင် ဇာတ်ကားများ အဖြစ် ရွေးချယ် ထားကြောင်း သိရသည်။ 


မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု ပထမအဆင့် စိစစ် အကဲဖြတ်ရေး အဖွဲ့မှ ဇူလိုင်လတွင် ဇာတ်ကားများ ကြည့်ရှု ခဲ့ကြပြီး ဆန်ခါတင် ဇာတ်ကား ခြောက်ကားကို ရွေးချယ် ပေးခဲ့သည်။ ယင်း ဇာတ်ကား ခြောက်ကားကို မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုများ ဒုတိယအဆင့် စိစစ် ရွေးချယ်ရေး အဖွဲ့မှ သြဂုတ် ၁၈ ရက်က စတင် ကြည့်ရှု အကဲဖြတ် ခဲ့ကြောင်း သိရသည်။ 


မြန်မာ့ရုပ်ရှင် ထူးချွန်ဆုကို ၁၉၅၂ ခုနှစ် မှ စတင်ချီးမြှင့် ခဲ့ပြီး ၁၉၅၂ ခုနှစ်မှ ၂ဝဝ၄ ခုနှစ်အထိ ရန်ကုန်မြို့ မြို့တော်ခန်းမ၊ ဝိဇယ ရုပ်ရှင်ရုံ၊ ရုပ်ရှင် မြှင့်တင်ရေး၊ စက်မှု အထက်တန်းကျောင်း၊ ရုပ်ရှင်ပြဇာတ် အစည်းအရုံး၊ ဂျူဗလီဟောဝင်း၊ မြန်မာ့အသံ မြက်ခင်းပြင်၊ လဟာပြင် ကဇာတ်ရုံ၊ နဝဒေး ရုပ်ရှင်ရုံ၊ အမျိုးသား ကဇာတ်ရုံ၊ သုဝဏ္ဏ အားကစားပြိုင်ပွဲရုံ တို့တွင် ကျင်းပခဲ့သည်။ ၂ဝဝ၅ ခုနှစ်မှ စပြီး နေပြည်တော် မြို့တော်ခန်းမ လဟာပြင် ဇာတ်ရုံတွင် ကျင်းပခဲ့ပြီး ၂ဝ၁၁ ခုနှစ်အတွက် ချီးမြှင့် သည့် ရုပ်ရှင်ထူးချွန် ဆုပေးပွဲနှင့် ၂ဝ၁၂ ခုနှစ် အတွက် ချီးမြှင့်သည့် ရုပ်ရှင်ထူးချွန် ဆုပေးပွဲ များကို သုဝဏ္ဏ အားကစား ပြိုင်ပွဲရုံတွင် ပြန်လည် ကျင်းပခဲ့သည်။ ယခု ၂ဝ၁၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန် ဆုပေးပွဲကို ပထမဆုံး အနေဖြင့် Myanmar Event Park ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ (၄၄၇) 
Themyawadadaily

0 comments:

Post a Comment