ဦးစံလင်း၏ ညွှန်ကြားချက် မရရှိသော်လည်း ခေါင်းလောင်းရှာဖွေရေး နောက်ဆုတ်မည်မဟုတ်


ဓမ္မစေတီခေါင်းလောင်းဆယ်ယူရရှိရေးအတွက် နုန်းများစုပ်ယူခြင်းကို 
ဆက်လက်လုပ်ဆောင်နေသော်လည်း ဆယ်ယူရေးအဖွဲ့ခေါင်းဆောင် 
ဦးစံလင်းထံမှ မည်သည့် ညွှန်ကြားချက်ကိုမျှမရရှိသေးကြောင်းခေါင်း
လောင်းဆယ်ယူရေးအဖွဲ့တွင်ပါဝင်သူတစ်ဦးက စက်တင်ဘာ ၁၆ ရက်
တွင် စံတော်ချိန်သို့ ပြောဆိုသည်။ 

"တူးဖော်တာတွေတော့ဆက်လုပ်နေတယ်။အခုတူးဖော်နေတာကလည်း 
အရင်တူးဖော်ခဲ့တဲ့ မီးပြအမှတ်အသား နေရာနားမှာပဲ။ ဦးစံလင်းကလာပြီး 
ညွှန်ကြားတာမျိုးတော့မရှိသေးဘူး။တူးဖော်မှုကိုသူမရပ်မချင်းကျွန်တော်တို့ 
လည်း ရပ်လို့ရမှာမဟုတ်ဘူး"ဟု ခေါင်းလောင်းဆယ်ယူရေးအဖွဲ့၌ပါဝင်သူ
ကပြောဆိုခဲ့သည်။ 
ခေါင်းလောင်းတူးဖော်မှုဆက်လက်လုပ်ဆောင်နေခြင်းနှင့်ပတ်သက်၍အ
ထောက်အကူပြုအဖွဲ့မှ ဦးကြည်ဝင်းကို မေးမြန်းရာတွင်ဦးစံလင်းဆီကအ
ကြောင်းကြားမှုမရှိသေးကြောင်းနှင့် စက်တင်ဘာ ၁၈ ရက် သို့မဟုတ် ၁၉ 
ရက် တို့တွင်ခေါင်းလောင်းရှာဖွေမှုနှင့်စပ်လျဉ်း၍ဦးစံလင်းကတစ်စုံတစ်ရာ 
ထုတ်ပြန်ကြေညာသွားဖွယ်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ 
ခေါင်းလောင်းရှာဖွေမှုကိုသြဂုတ် ၈ ရက်တွင်စတင်ခဲ့ပြီး ၂၆ ရက်၌ ဦးစံလင်း
က ခေါင်းလောင်းတွေ့ရှိပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သော်လည်းစက်
တင်ဘာ၁၄ ရက် သန်လျင်မြို့နယ် နတ်စင်တစ်ရာကျောင်းတိုက်၌ပြုလုပ်
သည့် သတင်းစာရှင်းလင်းပွဲတွင်၎င်းက သတင်းမှားယွင်းထုတ်ပြန်မိသည်
ဟု နတ်စင်တစ်ရာဆရာတော်ထံ ဖုန်းဆက်တောင်းပန်ခဲ့ကြောင်းသိရသည်။

စံတော်ချိန်

0 comments:

Post a Comment