ပဲခူးတိုင်း၊ သဲကုန်းမြို့နယ် အင်းမတိုက်နယ်ရှိ ပြည်-ရန်ကုန် ကားလမ်းပေါ်တွင် စက်တင်ဘာလ (၁၇)ရက်နေ့ မနက်ပိုင်းက ဟိုင်းလတ်ကားနှင့်စလွန်းကား မျက်နှာချင်းဆိုင်ဝင်တိုက်ရာ ၁၆ ဦးဒဏ်ရာရပြီး စက်ဘီးစီးလာသည့် ဆယ်တန်းကျောင်းသူတစ်ဦးမှာ နေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသူ (၁၆)ဦးအနက် (၄)ဦးကို ပြည်မြို့အထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ကျန်ရှိသောဒဏ်ရာသူများကို အင်းမတိုက်နယ်သို့ ပို့ဆောင်ပေးခဲ့ကြောင်း အင်းမရဲစခန်းမှူး ဦးဝင်းနိုင်က ပြောသည်။
Shwe Myitmakha Media Group


Yangon
0 comments:
Post a Comment