တရုတ်သမ္မတ ခရီးစဉ် အိန္ဒိယတွင် ခိုလှုံနေသည့် တိဘက်လူမျိုးများ စိုးရိမ်


အိန္ဒိယနိုင်ငံမှာ ခိုလှုံနေထိုင်နေကြတဲ့ ပြည်ပရောက် တိဘက်လူမျိုးတွေက တရုတ်သမ္မတရဲ့ အိန္ဒိယခရီးစဉ်အပေါ် စိုးရိမ်စိတ်တွေ ရှိနေကြပါတယ်။

လက်ရှိ အိန္ဒိယအစိုးရဟာ တရုတ်နဲ့ ဆက်ဆံရေးကို အရင်ထက် ကောင်း မွန်ဖို့ ကြိုးစားနေသလို လက်ရှိ တရုတ်သမ္မတ ရှီကျင့်ပင်ဟာလည်း တရုတ်ပြည်ထဲက လူနည်းစုတွေအပေါ် မှာလည်း ပိုပြိး စာနာမှုရှိတဲ့ အတွက် နှစ်နိုင်ငံ ဆက်ဆံရေးကောင်းလာရင် တိဘက်အရေးဟာလည်း အခြေအနေကောင်းလာမယ်လို့ မျှော်လင့်တယ်လို့ ပြည်ပရောက် တိဘက်ဝန်ကြီးချုပ်ဟောင်းက ပြောပါတယ်။

တရုတ်သမ္မတဟာ အိန္ဒိယကို စက်တင်ဘာ ၁၇ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ လည်ပတ်ဖို့ စီစဉ်ထားပြီး အိန္ဒိယမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို မြှင့်တင်ဖို့ ကတိပြုမယ်လို့ မျှော်လင့်ရပါတယ်။

တရုတ်နဲ့ အိန္ဒိယတို့ဟာ စီးပွားရေးမျက်နှာစာမှာ ဆက်ဆံရေးကောင်းပေမယ့် အပြန်အလှန် မယုံကြည်မှုတွေလည်း ရှိနေပါတယ်။

နယ်စပ်ပြဿ နာအပြင် အိန္ဒိယက တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားကိုယ်တော်ကို ထောက်ခံတာကလည်း နှစ်နိုင်ငံ ဆက်ဆံရေးမှာ တင်းမာစေတဲ့ နောက်ထပ် ဆူးငြောင့်ခလုတ် ဖြစ်နေတာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဒါရမ်စာလာ တောင်ပေါ်မြို့မှာ ဒလိုင်းလားမားကိုယ်တော်နဲ့ အတူ တိဘက်လူမျိုး ထောင်ပေါင်းများစွာ နေထိုင်ကြတာပါ။

ပြည်ပရောက် တိဘက်လွှတ်တော်အမတ်တယောက်ကလည်း အိန္ဒိယ၀န်ကြီးချုပ် နာရင်ဒရာ မိုးဒီက တိဘက်အရေးအတွက် တရုတ်သမ္မတကို ပြောဆိုမယ်လို့ မျှော်လင့်တယ်လို့ ပြောပါတယ်။
By ဒီဗွီဘီ

0 comments:

Post a Comment