ကျောက်ဆည်မြို့နယ် တရားရုံးတွင် အမှုစစ်ဆေးနေစဉ် တရားခွင်အတွင်း ဓားထိုးမှုဖြစ်ပွား


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် မြို့နယ်၊ တရားရုံးတွင်စက်တင်ဘာ ၁၅ရက် မွန်းလွဲ ၁နာရီ ၃ဝမိနစ်အချိန် က အမှုစစ်ဆေးနေစဉ် တရားခွင် အတွင်း ဓားထိုးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၊ တရား သူကြီးဒေါ်အေးအေးအောင်စစ် ဆေးနေသော ပြစ်မှုကြီးအမှတ်စဉ်- ၃၅၃၂/ ၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃၄၂/၃၂၃ အမှုမှ သက်သေတစ်ဦးဖြစ်သူ မိုး မောက်မြို့၊ ကြေးနန်းရပ်နေ မမေဒဏ္ဍာ ရီ(ခ)ဂျူးဂျူးသည်မြို့နယ် ဥပဒေ အရာရှိ ဒေါ်အေးစန္ဒာမြင့်၊ တရားရုံး အငယ်တန်းစာရေး ဦးဌေးအောင် မိုး၊ လက်နှိပ်စက်စာရေး ဦးသန်း မြင့်အောင်၊ တရားခံအကျိုးဆောင် ရှေ့နေ ဦးစိုင်းမင်းထွန်း၊ အထက်ပါ အမှုဖြင့် စွဲဆိုခံရသူ နောင်နောင်စိုး၊ ရုံးတော်ရှေ့ ခုံတန်းလျားတွင် ထိုင် နေသော ဒေါ်ချောချောတို့ရှေ့တွင် သက်သေ ထွက်ဆိုချက် ပေးနေစဉ် တရားရုံးမှ ခံဝန်ဖြင့်အချုပ်မှလွတ် ကာ ထုချေခွင့် ရရှိနေသော အမှု စွပ်စွဲခံနေရသူ နောင်နောင်စိုး ၂၅ နှစ်၊ အောက်ချိုင်းရပ်၊ ဆူးကုန်းရပ် ကွက်အုပ်စု၊ ကျောက်ဆည်မြို့နေ သူမှ နောက်ကျောတွင် အင်္ကျီဖြင့် ဖုံးပြီး အသင့်ယူဆောင်လာသော အရိုးအသွား ၁၁လက်မခွဲခန့် ကီဝီ ဘရမ် တံဆိပ်ပါ ဓားဦးချွန်ဖြင့် မမေ ဒဏ္ဍာရီ (ခ) ဂျူးဂျူး၏ နောက်ကျော မှ ဓားဖြင့်သုံးချက် ထိုးသွင်းလိုက်ရာ မမေဒဏ္ဍာရီ (ခ)မဂျူးဂျူး ဘယ် ဘက်လက် ခုံပြတ်ရှဒဏ်ရာနှစ်ချက် ရရှိ သွားခဲ့သဖြင့် ကျောက်ဆည် ဆေးရုံ ခွဲစိတ်ကုသဆောင်တွင်အတွင်း လူနာအဖြစ် ဆေးကုသမှုခံယူနေခဲ့ ရကြောင်း သိရသည်။

နောင်နောင်စိုးအား ကျောက် ဆည်မြိုမရဲစခန်းမှ (ပ)၄၂၈/၂ဝ၁၄၊ ပြစ်မှုပုဒ်မ-၃ဝ၇ (တစ်ပါးသူအား သေစေရန်ကြံရွယ်ချက်) အမှုဖြင့် အရေးယူထားပြီး အမှုစစ် ရဲအုပ် လွင်အောင်မှ ဆက်လက်စစ်ဆေး နေကြောင်းသိရသည်။

လွန်ခဲ့သည့်၁ဝနှစ်ခန့်ကကျောက် ဆည်မြို့နယ်၊ တရားရုံးဝင်းအတွင်း၊ လက်ဖက်ရည်ဆိုင်တွင် အမှုဖြင့်စွပ် စွဲခံရသူ အမျိုးသမီးတစ်ဦးက ရှေ့နေ အမျိုးသားတစ်ဦးကိုဓားဖြင့်ထိုးသတ် ခဲ့မှု ဖြစ်ပွားခဲ့ဖူးကြောင်းသိရသည်။

0 comments:

Post a Comment