ကချင်ပြည်နယ် မိုးညှင်းတွင် တရုတ်အမျိုးသမီး ၃ ဦးက လိုင်စင်ယူထားသည်ဟု ဆိုကာ မျှစ်ခြောက်ရောင်းသည့် ဒေသခံများအား ခြိမ်းခြောက်တားမြစ်




ကချင်ပြည်နယ်၊ မိုးညှင်းမြို့အနီး ညောင်ကိုင်းကျေးရွာမှ ၀ါးပိုးမျှစ်ခြောက် ရောင်းသည့် ဒေသခံ များအား တရုတ် အမျိုးသမီးတစ်ဦးက လိုင်စင်ယူထား သဖြင့် ၎င်းထံရောင်းချရန်နှင့် မရောင်း ချပါက ဖမ်းမည်ဟု ခြိမ်းခြောက်သ ဖြင့် အမျိုးသား လွှတ်တော် ကိုယ်စား လှယ်က ၀င်ရောက် ဖြေရှင်းပေးရကြောင်း သိရသည်။

မိုးညှင်းမြို့ မဲဆန္ဒနယ်အမှတ် ၅ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းတင်အောင် က ကျေးရွာလူထု နှင့် တွေ့ဆုံပွဲကို သြဂုတ် ၂၂ ရက် နေ့က ညောင်ကိုင်းကျေးရွာတွင် ကျင်းပရာ ဒေသခံလူထုက အဆိုပါကိစ္စ အား တင်ပြခဲ့ခြင်းဖြစ်သည်ဟု သိရ သည်။


“မိုးညှင်းမြို့ထဲ သွားရောင်းတဲ့ ရွာကလူတွေကို ကားလမ်းပေါ်မှာပဲ တရုတ်အမျိုးသမီး တစ်ယောက်က သူလိုင်စင်ယူထားတာ။ သူ့ဆီကို တစ် ပိဿာ ၃,၈၀၀ နဲ့ ရောင်းရမယ် လို့ ပြောတယ်။ သူ့ဆီမရောင်းဘဲ တခြား နေရာ ရောင်းနေ တာတွေ့ရင် ဖမ်းမယ် ဆိုလို့ ရွာက လူတွေလည်း ရောင်းနေ ကြအတိုင်း မရောင့် ရဲကြဘူး ဖြစ်နေ တာ။ လွှတ်တော်ကိုယ်စားလှယ် ဒီ ရွာကိုလာမှ တိုင်ကြားလိုက် လို့ အဆင် ပြေသွားတာ” ဟု ညောင်ကိုင်းကျေးရွာမှ မျှစ်လုပ်ငန်း လုပ်ကိုင်သူ ဒေါ်ငွေရှင်က ဆိုသည်။

တရုတ်အမျိုးသမီးက လိုင်စင်ယူထားသည်ဟုဆိုသော ကိစ္စအတွက် မဲဆန္ဒနယ် အမှတ် ၅ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းတင်အောင် က ညောင်ကိုင်း နယ်သစ်တောအုပ် အား မေးမြန်းရာ တွင် အဆိုပါ တရုတ် အမျိုးသမီး ၃ ဦးမှာ လိုင်စင် လျှောက်ထားဆဲ သာ ဖြစ်ကြောင်းသိရသဖြင့် တရုတ်အမျိုး သမီး ၃ ဦးအနေဖြင့် ၀ယ်ယူလိုပါက ဈေးပြိုင် စနစ်ဖြင့် ၀ယ်ယူရန် ညှိနှိုင်း ပေးခဲ့ကြောင်း သိရသည်။

“လုပ်ခွင့်ရချင်တယ်ဆိုပြီး လာ လျှောက်ကြတာ ပါမစ်လည်းမကျသေး လို့ ငွေ လည်း မသွင်းကြ ရသေးပါဘူး” ဟု တရုတ်အမျိုးသမီး ၃ ဦး လိုင်စင်လျှောက် ထားသည့်ကိစ္စနှင့် ပတ် သက်ပြီး ညောင်ကိုင်းကျေးရွာသစ်တောအုပ် ဦးငွေမောင်က ပြော သည်။

ညောင်ကိုင်းကျေးရွာတွင် အိမ် ထောင်စုပေါင်း ၁၈၀ ကျော်သည့်အ နက် ၁၀၀ ခန့်မှာ ၀ါးပိုး မျှစ်ခြောက်ကို သစ်တောဌာနသို့ အခွန်ဆောင်ပြီး လုပ်ဆောင်နေကြခြင်းဖြစ်ပြီး လိုင်စင်ချ ထားပေးသည်ကို မသိကြောင်း ဒေသခံ များက ဆိုသည်။

“မျှစ်ရောင်းချခွင့်ပါမစ်နဲ့ လုပ်ကိုင် ခွင့်ပေးမယ်ဆိုတာ ဘယ်သူမှမသိကြ ရဘူး။ ကျွန်တော်တို့ ရွာသားတွေလည်း ရချင်ပါတယ်။ တရားဝင်ပါမစ် မရှိဘဲ ဈေးကွက် လက်ဝါးကြီးအုပ် နေတာ က ဒေသခံတွေအတွက် အများကြီး နစ်နာနေပါတယ်” ဟု ညောင်ကိုင်းရွာသား ကိုရန်အောင် က ပြောသည်။

ညောင်ကိုင်းဒေသထွက် မျှစ်ခြောက်များ သွားရောက် ရောင်းချ သည့် မိုးညှင်းမြို့တွင် မျှစ်ခြောက် ၁ ပိဿာလျှင် ကျပ် ၄,၅၀၀ မှ ၅,၀၀၀ အထိ ဈေးပေါက် ရှိပြီး မြန်မာ-တ ရုတ် နယ်စပ်ဒေသ ဘက်တွင် ၁ပိဿာ တစ်သောင်းခန့် အထိ ဈေး ရှိကြောင်း သိရသည်။

သတင်း - MMK

The Ladies News Journal

0 comments:

Post a Comment