ပရိသတ်အတွက် အထူးအဆန်းဖြစ်စေမည့်ဂီတဖန်တီးလိုက်သည့် မြန်မာအဆိုတော် မိန်းမချောလေး

ယနေ့ခေတ်ဂီတဘက်ပိုင်းတွင် သီဆိုလေ့မရှိသော ပုံစံမျိုးဖြစ်သည့် သီချင်းမျိုးကို
ပရိသတ်အတွက် အထူးအဆန်းဖြစ်အောင် ဖန်တီးသီဆိုထားပါသည်ဟု တေးသံရှင်
အယ်လ်လွန်းအောင်က ပြောဆိုသည်။ 
စက်တင်ဘာ ၅ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံလမ်းရှိ
အောကစ်ဟိုတယ်၌ ပြုလုပ်သော 'ဘာကြောင့်လဲ' စီဒီခွေ တေးစီးရီး မိတ်ဆက်ပွဲ၌ ၎င်းက
ပြောဆိုခဲ့ခြင်း ဖြစ်သည်။ 
'ညီမက ဂီတဘက်ပိုင်းမှာဆိုရင် အထူးအဆန်းလေးတွေဖြစ်အောင် ဖန်
တီးချင်တယ်။ဂီတနှစ်ခုကိုရောပြီးတော့သီဆိုရတဲ့ပုံစံမျိုးပေါ။့ ရော(့ ခ်)နဲ့ပေါ့(ပ်)တွဲဆိုတာ
မျိုးတို့၊ ဂီတနှစ်ခုကို ပေါင်းပြီး ဖန်တီးရတဲ့ အသစ်ဆန်းပုံစံလေးတွေကို ပရိသတ်အတွက်
ဖန်တီးပေးချင်တာပါ။ ကိုယ်တိုင်လည်းတီထွင်ပြီးသီဆိုရတာကြိုက်လို့ပါ'ဟု ၎င်းက
ရှင်းပြသည်။ 
တေးသံရှင် အယ်လ်လွန်းအောင်သည် လတ်တလော လှုပ်ရှားမှုအနေဖြင့်
'ဘာကြောင့်လဲ' စီဒီခွေကို သီဆိုထားသည်ဖြစ်ပြီး အဆိုပါအခွေကို ထင်းရှူးရိပ်
တေးသံသွင်းမှ စက်တင်ဘာ ၁၁ ရက်တွင် ဖြန့်ချိမည်ဟု သိရသည်။ ၎င်းအခွေထဲတွင်
လူတိုင်း၏ ခံစားချက်နှင့် တိုက်ဆိုင်သည့် သီချင်းမျိုးပါဝင်ကြောင်း သိရသည်။

စံတော်ချိန်

0 comments:

Post a Comment