ငြိမ်းချမ်းရေးဖလားချန်ပီယံမြန်မာဘောလုံးအသင်းပြန်လည်ရောက်ရှိ.













ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဖလားဘောလုံးပြိုင်ပွဲတွင် အနိုင်ရဗိုလ်ဆွဲခဲ့သည့် မြန်မာအမျိုးသားဘောလုံးအသင်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စက်တင်ဘာလ (၈)ရက်နေ့ နံနက်ပိုင်းက ပြန်လည်ရောက်ရှိခဲ့သည် ။ မြန်မာအမျိုးသားဘောလုံးအသင်းသည် ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလားနောက်ဆုံးဗိုလ်လုပွဲတွင် အိမ်ရှင်ဖိလစ်ပိုင်ဘောလုံးအသင်းကို အိမ်ရှင်ပရိတ်သတ်ရှေ့မှောက်တွင် ပထမပွဲကစားချိန်အတွင်း (၂-၂)စီဖြင့် သရေရလဒ်ထွက်ပေါ်နေသဖြင့် အချိန်ပိုဆက်လက်ကစားခဲ့ရာ လူစားဝင်ကစားသမား စိုးမင်းဦး၏ အချိန်ပိုသွင်းဂိုးဖြင့် အနိုင်ရဗိုလ်ဆွဲခဲ့ခြင်းဖြစ်သည်။ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသည့် မြန်မာအမျိုးသားဘောလုံးအသင်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် ပြည်လမ်းတစ်လျှောက်ပြည်သူများကို နှုတ်ဆက်ခဲ့ကြပြီး သုဝဏ္ဏကွင်းတွင် အောင်ပွဲခံအခမ်းအနားကျင်းပပြုလုပ်မည်ဖြစ်သည်။
(ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ)

0 comments:

Post a Comment