ဓာတ်လိုက်ပြီး အမြင့်ပေါ်က ပြုတ်ကျကာ ဦးခေါင်းကို သံချောင်း အရှည်ကြီး စိုက်ဝင် သွားခဲ့တဲ့ အလုပ်သမား

တရုတ်နိုင်ငံ၊ ဇငါသညါ မြို့မှာ ဆောက်လုပ်ရေးလုပ်သားတစ်ဦး ကြုံတွေ့ခဲ့တဲ့ မတော်တဆမှု ဖြစ်ရပ်မျိုးကို သူ့အနေနဲ့ ဘယ်တော့မှ နောက် တစ်ကြိမ်ဆက် မဖြစ်ဖို့ ဆုတောင်းနေမှာ အသေအချာပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ရဲ့ဖြစ်ရပ်က ဘ၀မှာ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တာ ကြောင့် ဖြစ်ပါတယ်။ လိုင်အမည်ရ ဆောက်လုပ်ရေး လုပ်သားဟာ လုပ်ငန်းခွင်မှာ အလုပ်လုပ်နေစဉ် ဓာတ်လိုက်ပြီး ရုတ်တရက် နောက်လန်ပြုတ်ကျ သွားကာ မြေပြင်ပေါ်က သံချောင်းက ဦးခေါင်းကို ဖောက်ထွင်း ၀င်ရောက် သွားခဲ့ပါတယ်။ လိုင်ဟာ ဦးထုပ်ဆောင်းထားပေမယ့် သံချွန်ကို ကာ ကွယ်နိုင် ခြင်း မရှိဘဲ ဦးခေါင်းကို ငါးစင်တီမီတာလောက် ဖောက်ဝင်သွားခြင်း ဖြစ်ပါတယ်။ လိုင်ရဲ့ မတော်တဆ ဖြစ်ရပ်ကို ကံဆိုးတယ်လို့ သတ်မှတ်ရတော့မှာ ဖြစ်ပါတယ်။ ဓာတ်လိုက်ပြီး ပြုတ်အကျ အကာအကွယ် ဦးထုပ် ပါဝင်ပေမယ့် ဦးခေါင်းကို သံချောင်း စိုက်ဝင်သွားခြင်းက မယုံနိုင်စရာ ဖြစ်ခဲ့ပါတယ်။ 

လိုင်ကို ဆေးရုံကို ခေါ်သွားပြီးတဲ့နောက် စိုက်ဝင်နေတဲ့ သံချောင်းကိုဖြတ်တောက်ဖို့ မီးသတ် တပ်ဖွဲ့ဝင်တွေကို အကူအညီ တောင်းခံခဲ့ပါတယ်။ ဒီနောက် ခွဲစိပ်ကုသမှုပြု လုပ်ပေးခဲ့ပါတယ်။ လိုင်ဟာ ခွဲစိပ်ရာမှာတော့ အောင်မြင်ခဲ့ပြီး စိုးရိမ်စရာ မရှိတော့ဘူးလို့ သိရပါတယ်။ တရုတ်နိုင်ငံမှာ အလုပ်သမား တွေဟာ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှု၊ လုံခြုံမှုမရှိတာမို့ နှစ်စဉ်သေဆုံးတဲ့ အရေအတွက် တိုးပွားနေပြီး၊ ၂၀၁၂ ခုနှစ်က စာရင်းများအရ လုပ်ငန်းခွင် အတွင်း မတော်တဆဖြစ်စဉ်ကြောင့် အလုပ်သမားဦးရေ (၇၀၀၀၀)သေ ဆုံးခဲ့ရကာ တစ်နေ့သေဆုံးမှုက (၂၀၀)ဦး ထက်မနည်းရှိတယ်လို့ သိရ ပါတယ်။ 

Messenger

0 comments:

Post a Comment