ထိပ်ပြောင်ခြင်း ကို နောက်ဆုံးပေါ် ကုသနည်းသစ်


ဒေါက်တာရာဖေးကလိုင်းနက် ဦးဆောင်တဲ့အဖွဲ့ဟာ လူများတွင် ဆေးစမ်းခဲ့ကြပါတယ်။ ““အကယ်၍ ဆေးဟာ အောင်မြင်စိတ်ချပြီဆိုရင် ရောဂါအတွက် တစ်သက်လုံးအကျိုး ပြုတော့တာပါပဲ။ အခုဆေးစမ်းသပ် ရင်းနဲ့ ကျွန်တော်တို့ ထိပ်ပြောင်ခြင်း ဆိုတဲ့ ရောဂါကို ကုသနိုင်တော့မှာပါ””ဟု ဒေါက်တာရာဖေးကပြောပါတယ်။ ထိပ်ပြောင်ခြင်းသည် ခုခံအားစနစ်က ဆံပင်၏် follicles ဆဲလ်တွေ ကို တိုက်ခိုက်ခြင်းကြောင့်ဖြစ်ရပါ တယ်။ လွန်ခဲ့သော ၄နှစ်က ထိပ်ပြောင်သူ ၁၀၀၀ကိုလေ့လာခဲ့ရာ ခုခံအားစနစ် မှာရှိတဲ့T cell တွေက ဆံပင်ရဲ့် follicles ဆဲလ်တွေကို တိုက်ခိုက် ကြောင်းတွေ့ခဲ့ရပါတယ်။ ရိုးတွင်း ခြင်ဆီရောဂါတွင် အသုံးပြုသောRuxolitinib နှင့် အဆစ်ရောင် ရောဂါတွေသုံးသော Tofacitinib ဆးတွေကို ထိပ်ပြောင်ရောဂါ ပြုလုပ်ထားတဲ့ ကြွက်တွေကိုပေးပြီး စမ်းသပ်ခဲ့ကြရာ ၁၂ပတ်အတွင်း ဆံပင်ပြန်ပေါက်လာသည်ကို တွေ့ရ ပါတယ်။ Ruxolitinib ဆေးဟာ ထိပ်ပြောင်လူနာများအတွက် ၄လ ၅လအတွင်း ဆံပင်ပြန်ပေါက်စေနိုင် ပါတယ်။ ထိုဆေးပေးလိုက်တဲ့အခါမှာ T cell တွေကဆံပင် follicles ဆဲလ်တွေကိုတိုက်ခိုက်ခြင်း မရှိကြောင်း တွေ့ရလို့ အနာဂတ်တွင် ထိပ်ပြောင် ရောဂါတွင်ပါ အသုံးပြုကုသနိုင် တော့မည် ဖြစ်ပါသည်။
မာဃ
Ref;MNT 
Health Updates

0 comments:

Post a Comment