အိန္ဒိယတွင် အဆိုးရွားဆုံး ရေကြီး၊ သေဆုံးသူ ၁၇၅ ဦး ရှိပြီ


အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားပြည်နယ်မှာ ဆိုးရွားပြင်းထန်တဲ့ ရေကြီးမှုကြောင့် သေဆုံးသူ ဦးရေဟာ စက်တင်ဘာ ၇ ရက်နေ့မှာ ၁၇၅ ယောက်အထိ မြင့်တက်သွားပါတယ်။

ဂျေလန်မြစ်ရေလျှံခဲ့လို့ စရီနာဂါမြို့က အိမ်တွေ စစ်တပ် အခြေစိုက်စခန်းတွေနဲ့ ဆေးရုံတွေပါ ရေလွှမ်းမိုးခံခဲ့ရတာပါ။

နှစ် ၆၀ အတွင်း အဆိုးဆုံးရေကြီးမှုကြောင့် ရွာတွေ ရေမြုပ်ခဲ့သလို ကောက်ပဲသီးနှံတွေလည်း ပျက်စီးခဲ့ပါတယ်။

ဝန်ကြီးချုပ် နရင်ဒြာ မိုဒီကလည်း ခွဲထွက်ရေး အကြမ်းဖက်မှုသမိုင်းရှိတဲ့ မွတ်စလင်အများစုရှိရာ ဒေသ ကက်ရှ်မီးယားတောင်ကြားကို သွားရောက် စစ်ဆေးပါတယ်။

မိုဒီက ဂျမူးပြည်နယ်ဝန်ကြီးချုပ် အိုမာ အဗ်ဒူလာနဲ့ တခြား အရာရှိတွေနဲ့ တွေ့ဆုံပြီး ကယ်ဆယ်ရေးနဲ့ သက်သာချောင်ချိရေး ဆောင်ရွက်ချက်တွေလုပ်ဖို့၊ နောက်ထပ် တပ်ကူတွေ လွှတ်မယ့်အကြောင်းတွေ ပြောကြားခဲ့ပါတယ်။

ရွာပေါင်း ၂၅၀၀ ရေမြုပ်ခဲ့ပြီး ထောင်နဲ့ ချီတဲ့လူတွေက ခေါင်မိုးတွေပေါ်မှာ သောင်တင်နေပါတယ်။

စီရီနာဂါလေဆိပ်ကို သွားတဲ့ လမ်းအပါအဝင် အဓိက လမ်းမကြီးတွေ ရေအောက်ရောက်နေလို့ သက်သာချောင်ချိရေး လုပ်ငန်းတွေ နှောင့်နှေးကုန်ပါတယ်။

ဂျမူးနဲ့ကက်ရှ်မီးယား ပြည်နယ်တွေက သောင်တင်နေတဲ့လူတွေကို နေရာရွှေ့ပြောင်းဖို့နဲ့ သက်သာ ချောင်ချိရေး လုပ်ငန်းတွေအတွက် အိန္ဒိယလေတပ်နဲ့ ကြည်းတပ်က ပူးတွဲစစ်ဆင်ရေးအတွင်း လေတပ်ရဟတ်ယာဉ် ၂၂ စီးနဲ့ လေယာဉ် ၄ စီးကို တာဝန်ပေး စေလွှတ်ထားပါတယ်။
By ဒီဗွီဘီ

0 comments:

Post a Comment