အောင်လံမြို့နယ်၌ အမျိုးသားတစ်ဦး ယာခင်းမှအပြန် လှည်းလမ်းကြောင်းတွင် အသတ်ခံရ


အောင်လံ စက်တင်ဘာ ၂၂

အောင်လံမြို့နယ် လက်ပတုန်းကျေးရွာသား တစ်ဦးသည် စက်တင်ဘာ ၁၉ ရက် ညနေပိုင်းက လက်ပတုန်းကျေးရွာအနီးတွင် အသတ်ခံရမှုဖြစ်ပွား ခဲ့ကြောင်း အောင်လံမြို့နယ် ရွှေပန်းတော နယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၉ ရက် ညနေ ၅ နာရီခွဲက ဦးသန်းဇော်ဝင်း (၃၅ နှစ်) လက်ပတုန်းကျေးရွာနေသူသည် နေအိမ်တွင်ရှိနေစဉ် ၎င်း၏ညီဖြစ်သူ မြင့်ဇော်ဌေး၏ဇနီးဖြစ်သူ မထက်ထက်ခိုင်ရောက်ရှိလာပြီး မြင့်ဇော်ဌေးသည် စက်တင်ဘာ ၁၈ ရက် နံနက် ၆ နာရီက ရွာ၏အရှေ့တောင်ဘက် နှစ်မိုင်ခန့် အကွာရှိ ယာခင်းသို့ ယာထွန်ရန်အတွက် နွားလှည်းဖြင့် ညအိပ်သွားခဲ့ရာမှ နွားလှည်းသာရောက်ရှိလာပြီး လူမပါလာကြောင်း လာရောက်ပြောကြားခဲ့သဖြင့် ဦးသန်းဇော်ဝင်းသည် အစ်ကိုဖြစ်သူများနှင့် လိုက်လံရှာဖွေခဲ့ရာ မြင့်ဇော်ဌေးမှာ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အောင်လံမြို့နယ် ရွှေပန်းတောနယ်မြေရဲစခန်းကအမှုဖွင့်ထားကြောင်း သိရသည်။

ကျာ်ဇေယျ

Myanmaalinn

0 comments:

Post a Comment