ဝိုင်ဖိုင် အလကား ပေးသုံးတဲ့ သုံးဘီး ဆိုင်ကယ်


အင်တာနက် သုံးစွဲသူ များဟြး လာတာနဲ့ အမျှ ထူးခြားတဲ့ ၀န်ဆောင်မှုတွေနဲ့ ဆွဲဆောင်မှုတွေ ပြုလုပ်လေ့ ရှိပါတယ်။ 

စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေကို လာရောက်တဲ့ စားသုံးသူတွေကို ဆိုင်အတွင်းမှာ အခမဲ့ အင်တာနက် သုံးစွဲနိုင်အောင် ၀ိုင်ဖိုင်ကို အလကား ပေးသုံးလေ့ ရှိပါတယ်။ ထင်ရှား ကျော်ကြားတဲ့ နေရာတွေမှာလည်း အင်တာနက် အခမဲ့ သုံးစွဲနိုင်အောင် ၀ိုင်ဖိုင်တွေ တပ်ဆင် ပေးထားလေ့ ရှိပါတယ်။ တရုတ် နိုင်ငံမှာလည်း အင်တာနက် သုံးစွဲသူ အများအဟြး ရှိလာတာကြောင့် ၀န်ဆောင်မှု ပေးတဲ့ လုပ်ငန်းတွေမှာ အင်တာနက် အခမဲ့ သုံးနိုင်အောင် ၀ိုင်ဖိုင်တွေ တပ်ဆင် ပေးထားပါတယ်။

ဒီလို ၀န်ဆောင်မှု ပေးတဲ့ လုပ်ငန်းတွေမှာ ၀ိုင်ဖိုင် တပ်ဆင်တာ ထူးခြားမှုလို့ မဆိုနိုင်ပေမယ့် အများ သယ်ယူ ပို့ဆောင်ရေး ဖြစ်တဲ့ သုံးဘီး ဆိုင်ကယ်မှာ တပ်ဆင်ထား တာကတော့ အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ သုံးဘီး ဆိုင်ကယ်ဟာ ဆိုက်ကား သာသာလောက် သာရှိပြီး တရုတ်နိုင်ငံသား တစ်ဦးက ခရီးသည်တွေကို ဆွဲဆောင်တဲ့ အနေနဲ့ အင်တာနက် သုံးနိုင်အောင် ၀ိုင်ဖိုင် တပ်ဆင် ပေးထားခြင်း ဖြစ်ပါတယ်။ ချန်ဒူးမြို့မှာ သုံးဘီးဆိုက်ကား ဆရာ တစ်ဦးဟာ ၀ိုင်ဖိုင် အပြင် iPad ကိုပါ တပ်ဆင် ပေးထား ပါတယ်။ သုံးဘီး ဆိုင်ကယ် စီးလိုက်တာနဲ့ ခရီးသည်ဟာ အင်တာနက် သုံးနိုင်အောင် အခမဲ့ ၀ိုင်ဖိုင် လွှင့်ပေးထားတဲ့ အပြင် iPad ကနေ ထူးခြားတဲ့ အစီအစဉ်တွေ ပြသပေး ခြင်း၊ သီချင်း နားဆင်နိုင်အောင် ပြုလုပ် ပေးခြင်း တို့ဖြင့် ၀န်ဆောင်မှု ပေးခြင်း ဖြစ်ပါတယ်။

ချန်ဒူး တက္ကသိုလ်ရှေ့မှာ ဂိတ်ထိုးပြီး ကျောင်းသားတွေကို ပြေးဆွဲ ပေးနေတာ ဖြစ်ပြီး သုံးဘီဆိုင်ကယ်ဟာ သက်သာတဲ့ ဈေးနူန်းနဲ့ ပြေးဆွဲ ပေးနေခြင်း ဖြစ်ပါတယ်။ သုံးဘီး ဆိုင်ကယ်မှာ ခေတ်မီ ပစ္စည်းတွေ တပ်ဆင်ခဲ့တာကြောင့် ငွေကြေး ကုန်ကျမှု ရှိပေမယ့် ခရီးသည်တွေကို ဆွဲဆောင် နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့လူမှုကွန်ရက်တွေမှာ စိတ်ကူး ကောင်းကောင်းနဲ့ ၀န်ဆောင်မှု ပေးနေတဲ့ သုံးဘီဆိုင်ကယ်မောင်း ဆရာရဲ့ လုပ်ဆောင်မှုကို ချီးကျူး နေကြပါတယ်။
The Messenger

0 comments:

Post a Comment