မြန်မာပြည်ရဲ့ အသက်အကြီးဆုံး အဖွားအိုး


ကျုံမငေးရှိ အသက် (၁၂၀) ပြည့်ခါနီး အဘွားအိုကို ဂင်းနစ်စံချိန်ဝင်နိုင်ရန် အစိုးရထံ အကူအညီတောင်းခံမည်


အဘွားဒေါ်တက်ပုံကို သူမ၏နေအိမ်၌ တွေ့ရစဉ် (ဓာတ်ပုံ − Khine Gyee fb)
ဧရာဝတီတိုင်း ကျုံမငေးမြို့နယ် ပန်းကူးကျေးရွာရှိ အသက်(၁၂၀) ပြည့်တော့မည့် အဘွားဒေါ်တက်ပုံကို ဂင်းနစ်စံချိန်ဝင်နိုင် ရန် အစိုးရထံ အကူအညီတောင်း ခံမည်ဖြစ်ကြောင်း သတင်းရရှိ သည်။


‘‘အသက် (၁၂၀) တကယ်ဖြစ်နေပြီ။ မှတ်တမ်းဝင်စေချင်တယ်။ အစိုးရအကူအညီလိုတာပေါ့။ နိုင်ငံတော်အကြီးအကဲဆီ စာပို့ဖို့လုပ်နေပြီ’’ဟု ကူညီပေးနေသူ ကျုံမငေးသား ဦးစိုးကြည်က ပြောသည်။

အဘွားဒေါ်တက်ပုံသည် ကရင်လူမျိုးဖြစ်ပြီး ဖခင် ဦးမန်းသာပွတ်နှင့် မိခင်ဒေါ်ကျင်ဝင်းတို့က ဧရာဝတီတိုင်း၊ ပိတ္တာလေး ကျေးရွာတွင် ၁၈၉၅ နိုဝင်ဘာ ၈ ရက်၌ မွေးဖွားခဲ့သည်။

မွေးချင်းမောင်နှမ ရှစ်ဦးရှိသည့်အနက် ဒုတိယမြောက်သမီးဖြစ်သည်။ မွေးချင်းအားလုံး ကွယ်လွန်ချိန်ထိ အပျိုကြီးဘ၀ဖြင့်နေထိုင်လာခဲ့ပြီး မကြာမီနှစ်များကပင် တူမဖြစ်သူက သူမနေထိုင်ရာ ပန်းကူးကျေးရွာသို့ ခေါ်ယူ စောင့် ရှောက်ထားခြင်း ဖြစ်သည်။

အဘွားဒေါ်တက်ပုံသည် အပေါ်သွား ငါးချောင်းနှင့် အောက်အံဖုံးကိုအသုံးချပြီး ကွမ်းသီးစိတ် လိုမာကျောသော အစားအစာကို ၀ါးနိုင်သေးသည့်အပြင် မျက်စိနှစ် လုံးနှင့် ခြေလက်များကအစ အ ကောင်း ပကတိ ကျန်းမာနေ ကြောင်း သတင်းရရှိသည်။

သက်ကြီးရွယ်အို စောင့် ရှောက်ရေးနှင့် ထောက်ပံ့ရေးပရ ဟိတအသင်း (Save The Aged) အသင်းဝင်များကလည်း အဘွား ဒေါ်တက်ပုံထံသို့ စက်တင်ဘာ ၂၀ ရက်က သွားရောက်တွေ့ဆုံ၍ ငွေ လှူဒါန်းခဲ့သည်။

‘‘အစ်မတို့ Save The Aged အသင်းရဲ့ ရိပ်သာမှာ စောင့် ရှောက်ချင်လို့ အသင်းသားတွေ အဘွားဆီသွားကြတာ၊ အဘွားကသူ့နေရပ်မှာပဲ ပျော်တယ်ဆိုလို့ အသင်းသားတွေ လှူတဲ့ငွေကိုပေးခဲ့တယ်’’ဟု အသင်းသူတစ်ဦးက ပြောသည်။

အသက် (၁၂၀) နှစ်မကြာမီ ပြည့်တော့မည့် အဘွား ဒေါ်တက် ပုံကိုကျုံမငေးမြို့နယ် အုပ်ချုပ် ရေးမှူးဆီမှတစ်ဆင့် နိုင်ငံတော် သမ္မတအစီအစဉ်ဖြစ်သည့် သက် ရွယ်ကြီးသူ ဘိုးဘွားများ နှစ်စဉ် ထောက်ပံ့သည့် အလှူငွေကြေးရ ရှိအောင် တင်ပြခဲ့သော်လည်း မြို့ နယ်အုပ်ချုပ်ရေးမှူး၏ ပေါ့လျော့ မှုကြောင့် မရခဲ့ဟု သိရသည်။

ဂျပန်နိုင်ငံမှ အသက် (၁၁၄) နှစ်ရှိ အဘွားအိုတစ်ဦးသည် ကမ္ဘာပေါ်တွင် အသက်အကြီးဆုံးအမျိုး သမီးအဖြစ် စံချိန်တင်နိုင်ခဲ့ကြောင်းသိရှိရသည်။ ကမ္ဘာပေါ်တွင် အ သက်အကြီးဆုံး အမျိုးသားရော၊ အမျိုးသမီးပါ ဂျပန်နိုင်ငံမှပင် ဆက်တိုက်စံချိန်ထူထားသည်။ မြန်မာနိုင်ငံမှ အဘွားဒေါ်တက်ပုံ သာ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးအဖြစ် စံချိန်ချိုးနိုင်ပါ က မြန်မာနိုင်ငံမှ ကမ္ဘာ့အသက် အကြီးဆုံး အဘွားအိုအဖြစ် ပထမ ဆုံးဖြစ်လာနိုင်သည်။

0 comments:

Post a Comment