တစ်မိနစ်ကို ဘောလုံး ၁၄လုံးအထိ ဖမ်းနိုင်တဲ့ ခွေးကလေး






ဂျပန်နိုင်ငံ ဆာကူရာက ပူရင်အမည်ရှိ ခွေးမကလေးဟာ တစ်မိနစ်ကို ဘောလုံး ၁၄လုံးအထိ ဖမ်းပြနိုင်ပြီး ပြီးခဲ့တဲ့နှစ်က သူမကိုယ်တိုင် တင်ထားခဲ့တဲ့ စံချိန်ကို ချိုးဖျက်ကာ ဂရင်းနစ် စံချိန်မှာ စံချိန်သစ် ရေးထိုးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။
ပူရင်က အသက် ၉နှစ် အရွယ်ရှိပြီး သူမရဲ့ သခင်ကတော့ မာကိုတို ကူမာဂိုင်း ဖြစ်ပါတယ်။
ဂင်းနစ် အဖွဲ့က ပြောဆိုရာမှာ “ခွေးတစ်ကောင်က သူ့ရဲ့ လက်တွေနဲ့ တစ်မိနစ်အတွင်း ဖမ်းပြနိုင်တာက ၁၄လုံး ဖြစ်ပြီး ဒီစံချိန်ကို အသက် ၉နှစ်အရွယ်ရှိ ပူရင်နဲ့ သူမရဲ့ သခင် မာကိုတို ကူမာဂိုင်းတို့က ရရှိခဲ့ပါတယ်၊
ဆာကူရာမှာ နေထိုင်တဲ့ သူတို့က ၂၀၁၅၊ မတ်လ ၂၂ရက်နေ့မှာ ဒီစံချိန်ကို တင်နိုင်ခဲ့တာပါ”လို့ ဆိုပါတယ်။
ကူမာဂိုင်းက ပူရင်ကို ခွေးပေါက်စ အရွယ်ကတည်းက မွေးမြူခဲ့တာ ဖြစ်ပြီး သူမက အေးဆေး၊ ပျော်ရွှင်ကာ ဘောလုံးကစားဖို့ အမြဲတမ်း စိတ်အားထက်သန်မှု ရှိတယ်လို့လည်း သိရပါတယ်။
ကူမာဂိုင်းက ပူရင်ကို တစ်နေ့ကို ၁၅မိနစ်ကြာ နေ့စဉ် လေ့ကျင့်ပေးတယ်လို့လည်း သိရပါတယ်။
ပူရင်ရဲ့ အရင် စံချိန်ဟောင်းက ၁မိနစ်ကို ဘောလုံး ၁၁လုံး ဖမ်းနိုင်ခဲ့ပြီး ၂၀၁၄၊ အောက်တိုဘာ ၁၃ရက်နေ့က တင်ထားခဲ့တဲ့ စံချိန် ဖြစ်ပါတယ်။
Ref_ abcactionnews

Planet Myanmar

0 comments:

Post a Comment