ဆီးရောဂါအတွက် သင်္ဘောရွက်


ယောက်ျားမှာဆီး၊မိန်းမမှာမီးဆိုသည့်စကားအတိုင်း မီးဖွားသည့်အချိန်သည် မိန်းမများအတွက် အရေးကြီးသလို ဆီးရောဂါအမျိုးမျိုးသည် ယောက်ျားများအတွက် အလွန်အရေးကြီးသော ရောဂါတစ်ခု ဖြစ်နေပါသည်။

ဆီးရောဂါခံစားနေရ၍ ဆီးမပါနိုင်ပဲ ဒုက္ခရောက်နေသည်မှာ လနှင့်ချီနေပြီဖြစ်သော ဝေဒနာရှင်တစ်ဦးသည် အောက်ပါသဘာဝနည်းဖြင့် ပျောက်ကင်းခဲ့သဖြင့် အများသိအောင် ထပ်ဆင့်ရေးသားမျှဝေပေးလိုက်ပါသည်။

(၁) သင်္ဘောရွက်ကို မီးကျွမ်းအောင်ကင်၍ အမှုန့်ဖြစ်အောင်ချေကာ ရေနွေးခတ်သောက်ပါ။ တစ်နေ့ ၃ ခွက်ခန့် သောက်နိုင်ပါသည်။

(၂) သင်္ဘောရွက်ကို ပြုတ်၍ ၄င်းပြုတ်ရည်ကို လက်ဖက်ရည်ခွက်တစ်ခွက်စာကို တစ်နေ့ ၃ ကြိမ်ခန့် သောက်ပါ။

(၃) သင်္ဘောရွက်နုနုကို ရေနွေးစိမ်၍သော်၎င်း၊ မီးအပူခဏပေး၍သော်၎င်း၊ တို့စရာအဖြစ်ပြုလုပ်၍ မကြာခဏ စားပါ။

ကျောက်ကပ်များ ကောင်းစွာအလုပ်လုပ်၍ ဆီးကောင်းစွာ သွားနိုင်လာမည်။ ဆီးရောဂါများ လျှင်မြန်စွာ သက်သာပျောက်ကင်းစေမည်။

စောနွဲ့ နေဆိုင် (ပူတာအို)

ကိုးကား - ဆေးဖက်ဝင်အပင်များ

Credit : Saw Noi Nay Saing - Putao

0 comments:

Post a Comment