သားအိမ်အစားထိုးနည်းဖြင့် မွေးဖွားလာခဲ့သော ကမ္ဘာ့ပထမဆုံးကလေး

ဆွီဒင်နိုင်ငံတွင် အသက်(၃၆)နှစ်အရွယ် အမျိုးသမီးမှ သားယောက်ျားကလေးကို အောင်မြင်စွာ ဖွားမြင်နိုင်ခဲ့သည်။ သို့ပေမယ့် ထိုအမျိုးသမီးဟာ မွေးကတည်းက သားအိမ်မပါရှိလာခဲ့သည့် အမျိုးသမီးဖြစ်ပေမယ့် အသက်(၆၁)နှစ်အရွယ် အမျိုးသမီးကြီး၏ သားအိမ်ကို သူမခန္ဓာအတွင်း အစားထိုး ကိုယ်ဝန်ဆောင်ပြီး ကမ္ဘာ့ပထမဆုံး သားအိမ်အစားထိုးနည်းဖြင့် သားယောက်ျားကလေးကို အောင်မြင်စွာ မွေးဖွားခဲ့ခြင်း ဖြစ်သည်။


သားအိမ်အစားထိုးခြင်းဟာ အခြားကိုယ်အင်္ဂါ အစိတ်အပိုင်းများ အစားထိုးခြင်းလိုမဟုတ်ဘဲ အစားထိုးထားသည့် သားအိမ်အား ထိုသူ၏ကိုယ်ခန္ဓာမှ လက်မခံသော ဖြစ်ရပ်များလည်း ရှိသည်။

၂၀၀၀ ခုနှစ်က ဆော်ဒီအာရေဗျနိုင်ငံတွင် ကမ္ဘာ့ပထမဆုံး သားအိမ်အစားထိုးနည်းဖြင့် အမျိုးသမီးတစ်ဦးအား ကိုယ်ဝန်ဆောင်စေခဲ့ပေမယ့် ကိုယ်ဝန်လေးလခန့်တွင် သူမ၏ခန္ဓာက သူမ၏အစားထိုးထားသည့် သားအိမ်အား လက်မခံသဖြင့် မအောင်မမြင် ဖြစ်ခဲ့ရသည်။

ယခု ဆွီဒင်နိုင်ငံတွင် သားအိမ်အစားထိုးနည်းဖြင့် အောင်မြင်စွာ မွေးဖွားလာခဲ့သော ယောက်ျားလေးကို ကိုယ်ဝန်ဆောင်ခဲ့သည့် ကျောက်ကပ်တစ်ခုတည်းရှိသော မိခင်ဟာ အသက်အန္တရာယ်စိုးရိမ်ရသည့် pre-eclampsia လက္ခဏာကို ခံစားနေခဲ့ရသဖြင့် မွေးဖွားချိန်မတိုင်မီ နှစ်လစောမွေးခဲ့ရာ ကိုယ်အလေးချိန် လေးပေါင်အောက်ရှိသော ထိုကလေးကို အောင်မြင်စွာ ခွဲစိတ်မွေးဖွားခဲ့ခြင်း ဖြစ်သည်။

သားအိမ်လှူခဲ့သော ကလေးနှစ်ယောက်မိခင် အမျိုးသမီးကြီးနှင့် သားအိမ်အစားထိုး ကိုယ်ဝန်ဆောင်၍ အောင်မြင်စွာ မွေးဖွားခဲ့သော ကလေးမိခင်တို့ဟာ သွေးသားမတော်စပ်ကြကြောင်းလည်း သိရသည်။

လွန်ခဲ့သည့်တစ်လက ကမ္ဘာ့ပထမဆုံး သားအိမ်အစားထိုးနည်းဖြင့် အောင်မြင်စွာ မွေးဖွားခဲ့သော သားကလေးနှင့် ကလေးမိခင်ဟာ ကျန်းကျန်းမာမာဖြင့် မိခင်နို့ချို တိုက်ကျွေးလျက်ရှိနေကြောင်းကို အောက်တိုဘာ (၆)ရက်နေ့ထုတ်Lancet ဆေးပညာဂျာနယ်တွင် ဖော်ပြခဲ့သည်။

သို့ပေမယ့် ကလေးမိခင်နှင့် ကလေးနာမည်ကိုမူ ဖော်ပြခြင်းမပြုဘဲလျှို့ဝှက်ထားကြောင်း သိရသည်။

ထိုဆေးပညာရှင်အဖွဲ့က သားအိမ်အစားထိုးခြင်းကို အမျိုးသမီးကိုးယောက်တွင် ယခုနှစ်အစောပိုင်းတွင် အစားထိုးပြုလုပ်ပေးခဲ့ရာ ယခု ကမ္ဘာ့ပထမဆုံး သားအိမ်အစားထိုးနည်းဖြင့် အောင်မြင်စွာ မွေးဖွားခဲ့သော မိခင်ဟာ ထိုကိုးဦးထဲမှ တစ်ဦးအပါအဝင်ဖြစ်သည်ဟု သိရသည်။ ကျန်သည့် ခြောက်ဦးမှာ ကိုယ်ဝန်ဆောင်တော့မှာဟုလည်း သိရသည်။

သားအိမ်တစ်ခုဟာ မျိုးဆက်နှစ်ခုစာ အလုပ်လုပ်နိုင်ကြောင်းကို သက်သေပြနိုင်ရန် သားအိမ်အစားထိုးခြင်း ပြုလုပ်ခဲ့သော အမျိုးသမီးကိုးယောက်အနက် ငါးယောက်ဟာ ၎င်းတို့မိခင်၏ သားအိမ်များအား အစားထိုးခြင်းက သက်သေပြနေခဲ့သည်။

မည်သို့ပင် သားအိမ်အစားထိုးထားပါစေ သားဥမှာ မိမိ၏ သားဥဖြစ်သဖြင့် မွေးဖွားလာသည့်ကလေးမှာ မိမိသွေးသားပင်ဖြစ်ရာ လူစားထိုး ကိုယ်ဝန်ဆောင်ခိုင်းတာထက်တော့ ပိုမို၍ ဓမဓိဌာန်ကျမည်ဖြစ်သည်။

Source : Dailymail

0 comments:

Post a Comment