MPT ဆင်းကတ်သတ်မှတ်နှုန်းထက်ပိုရောင်းသည့် ဆိုင်များကို စုံစမ်းစစ်ဆေးတော့မည်


MPT (မြန်မာ့ဆက်သွယ်ရေး) ဆင်းကတ်များကို သတ်မှတ်နှုန်းထက် ပိုရောင်းသည့် ဆိုင်များကို စုံစမ်းစစ်ဆေးအရေးယူမှု ပြု လုပ်တော့ မည်ဟု မြန် မာ့ ဆက် သွယ်ရေး လုပ်ငန်းမှ သိရသည်။

”သေသေချာချာ စုံစမ်းမယ်။ မှန်တယ်ဆိုရင်တော့ အရေးယူမှာပါ။ ဘယ်လို ယူမလဲဆိုတာတော့ မပြောနိုင်သေးပါဘူး” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဌာနမှ အ ရာရှိတစ်ဦးက ပြောသည်။ အဆိုပါ စုံစမ်းမှုများကို ယခုလ ရောင်းချပေးမည့် ဖုန်းဆင်းကတ်များမှ စတင်လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး ဖုန်းအမှန်တကယ် ဝယ်ယူ ချင် သူများ မနစ်နာရေးအတွက် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

ဆင်းကတ် ဖြန့်ဝေမှုရပ်ဆိုင်းခြင်း၊ ဆက်လက်ရောင်းချခွင့် ပိတ်ပင်ခြင်းများလည်း ရှိလာနိုင်မည် ဖြစ်ကြောင်း မိမိကိုယ်ကျိုးအတွက် ငွေဖြည့်ကတ်များနှင့် တွဲရောင်းခြင်း၊ တန်ဖိုးမြှင့်တင်ခြင်း နှင့် ဟန်းဆက်များနှင့် တွဲရောင်းခြင်းမျိုးမဖြစ်စေရန်အတွက် ဆိုင်များ၊ ကုမ္ပဏီများကို သတိပေးကြေညာထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

”ဒီလ အရေအတွက် ဘယ်လောက်ရောင်းပေးမလဲ ဆိုတာကတော့ သုံးစွဲသူတွေရဲ့အနေအထား၊ ဖုန်းလိုင်း အနေအထားတွေကို ကြည့်ပြီးမှ ကြေညာပေးမှာပါ” ဟု ၎င်းက ဆက်ပြောသည်။ ယင်းသို့ ပြုလုပ်ရခြင်းမှာလည်း ဖုန်းဆိုင်များတွင် ကြိုတင်တန်းစီစောင့် ဆိုင်းနေသူများ ပိုမိုများပြားလာနိုင်၍ အခြေအနေ ကို စောင့်ကြည့်ေ နခြင်း ဖြစ်ေ ကြာင်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဂျပန်ကုမ္ပဏီများဖြစ်သည့် KDDI နှင့် Sumitomo တို့နှင့် ပူးပေါင်းလိုက်ပြီးနောက် ပထမဆုံးအသုတ် ဆင်းကတ် ၇ သိန်း၊ ဒုတိ ယအသုတ် ၂ သိန်း၊ တတိယအသုတ် ၂ သိန်းနှင့် စတုတ္ထအသုတ် ၁ သိန်းခွဲဖြင့် စုစုပေါင်း ၁၁ သိန်းကျော် ရောင်းချပေးထားသော်လည်း ဆိုင်အချို့သာလျှင် သတ် မှတ် ထားသည့် ကျပ် ၁၅ဝဝ နှုန်း ဖြင့်သာရောင်းချပေးပြီး အချို့ဆိုင်များမှာ ဈေးမြှင့်ရောင်းချခြင်း၊ ဟန်းဆက်နှင့် တွဲ၍ရောင်းချခြင်းများ ပြုလုပ်နေကြသည့်အတွက် MPT ဆင်းကတ်များမှာ ဈေးမြင့်လျက်ရှိနေကြောင်း သိရသည်။

0 comments:

Post a Comment