စစ်သွေးကြွဆန့်ကျင်ရေး ဆန္ဒပြမှုများကြောင့် တူရကီအစိုးရက ပြည်နယ်ငါးခုတွင် ညမထွက်ရအမိန့် ထုတ်ပြန်


တူရကီနိုင်ငံတွင် ISIS စစ်သွေးကြွ ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွား ခဲ့ရာမှ ပြည်သူ ၁၂ ဦး သေဆုံး ခဲ့ပြီးနောက် အစိုးရက နိုင်ငံအတွင်းရှိ ပြည်နယ် ငါးခုတွင် ညမထွက်ရ အမိန့်ကို ထုတ်ပြန် ခဲ့ကြောင်း ဒိုဂန် သတင်း အေဂျင်စီ က ယမန်နေ့တွင် ထုတ်ပြန် ခဲ့သည်။

တူရကီ အစိုးရသည် ညမထွက်ရ အမိန့်ကို နိုင်ငံ အရှေ့ တောင်ပိုင်း ပြည်နယ်များ ဖြစ်သည့် မာဒင်၊ ဗန်၊ ဆာ့တ်၊ ဘတ်မန်း နှင့် ဒီယာဘာကီယာ ပြည်နယ်များ အတွင်း ထုတ်ပြန် ခဲ့ခြင်းဖြစ်ပြီး အစိုးရ၏ လုပ်ဆောင်ချက် မှာ ကိုဘာနီမြို့ ကို တိုက်ခိုက်လျက် ရှိသည့် စစ်သွေးကြွ ဆန့်ကျင်ရေး ဆန္ဒပြမှု များကို လူစုခွဲရန် အတွက် ဖြစ်သည်။

ထို့ပြင် ဒီယာဘာကီယာ ပြည်နယ် အတွင်းရှိ စာသင်ကျောင်း များ ကိုလည်း ယမန်နေ့တွင် ပိတ်ပစ် ခဲ့ရကြောင်း သိရသည်။ တူရကီနိုင်ငံတွင် အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင် များနှင့် ဆန္ဒပြသူများ အကြား အောက်တိုဘာ ၇ ရက်မှ စတင်၍ အဓိကရုဏ်း များ ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး ဆီးရီးယား နိုင်ငံ အတွင်းရှိ ကာ့ဒ် တိုက်ခိုက်ရေး သမားများကို ဆန္ဒပြ သူများက ISIS စစ်သွေးကြွ များ တိုက်ခိုက်ရာတွင် ပါဝင် ကူညီသင့်ကြောင်း တောင်းဆို ခဲ့သည်။ ထို့အတူ ဆန္ဒပြ သူများသည် စစ်သွေးကြွ များက တူရကီနယ်စပ် ရှိ ကိုဘာနီမြို့ ကို တိုက်ခိုက် နေခြင်းအပေါ် တုံ့ပြန်နိုင်ခြင်း မရှိသည့် ကိစ္စရပ်နှင့် စပ်လျဉ်း၍လည်း ကန့်ကွက် ထားကြောင်း သိရသည်။

အမေရိကန် အစိုးရသည် အဆိုပါ စစ်သွေးကြွ များကို တိုက်ခိုက် ချေမှုန်းနိုင်ရန် အတွက် နယ်စပ် ဖြတ်ကျော်ရေး စစ်ဆင်မှု များကို ပြုလုပ်နေသည့် အမေရိကန် တပ်ဖွဲ့များကို အကူအညီ ပေးအပ်ရန် အမေရိကန် အစိုးရက တူရကီ နိုင်ငံကို တောင်းဆို ထားကြောင်း လည်း သိရှိရသည်။

#PyiChitThar

0 comments:

Post a Comment