” ရာသီထူခွင်၊ ရေပြင်လှတင့်၊ ကြာမျိုးပွင့်” ဟူသော ရှေးဟောင်းအဆိုအရ တူရသီဟုခေါ်ကြသော သီတင်းကျွတ်လတွင် မြောက်လေပြန်စ၍ မြစ်ချောင်းရေ ပြင်များ ငြိမ်သက် လှပကြသည်။ ထိုလ ရာသီတွင် ကြာဖြူ၊ ကြာနီ၊ ကြာညို၊ ကြာပုဏ္ဏရိတ်၊ ကြာပဒုမ္မာ(ပဒုမာ)ဟူ သော ကြာမျိုးငါးပါးသည် ရာသီကြိုက်ဖြစ်၍ ပွင့်ကြဖူးကြသည်။
သန်ထူလ
သီတင်းကျွတ်လကို ပုဂံကျောက်စာတို့၌ သန်တူလ၊ သန္တူလဟူ၍ပြသည်။ အင်းဝခေတ်ကျောက်စာတို့တွင် သီတင်းကျွတ်ကို သတင်းကျွတ်ဟူ၍ ရေးသားသည်။ လှေသင်း အတွင်းဝန်မင်းက “သတင်းကျွတ်လဟုခေါ်ဆိုသည် မှာ ဝါဆိုလပြည့်နေ့မှစ၍ သတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့အထိ သတင်း ဝါလကျွတ်သောကြောင့်” ခေါ် သည် ဟု ရေးသားခဲ့သည်။ သန်တူလဆိုသည်မှာ ကောက်ပင်များထွက်၍ ထောင်မတ်လာသောလဟု အဓိပ္ပာယ်ကောက်ယူမှုလည်း ရှိသည်။
ပဝါရဏာပြုခြင်း
သီတင်းကျွတ်လပြည့်တွင် လမင်း နှင့် အဿဝဏီနက္ခတ်ယှဉ် ပြိုင်ထွန်းပကြသဖြင့် ကျက်သရေ မင်္ဂလာရှိသောလပင်ဖြစ်ပါသည်။ ဝိနည်းအလိုအရ သီတင်းကျွတ် လ ပြ ည့်ပြီဆိုရုံမျှနှင့် ဝါကျွတ်ပြီဟု မယူဆနိုင်ပါ။ ရဟန်းသံဃာတို့အတွက် ပဝါရဏာပြုပြီးမှသာ ဝါကျွတ်သည်ဟု ခေါ်ရသည်။ ပဝါရဏာဆိုသည်မှာ ရဟန်းတော်တို့ အချင်း ချင်း ဖိတ်ကြားခြင်းဖြစ်၏။ တစ်နည်းဆိုသော် ပန်ကြားခြင်းလည်းဖြစ်သည်။
ဒါယကာတောင်သူလယ်သမားကြီးများ၏ ပစ္စယာနဂ္ဂဟဆွမ်းကွမ်း ထောက်ပံ့မှုကြောင့် ဝါတွင်းသုံးလ တိုင်တိုင် ဝါကပ်လျက် ပရိယက်ကို အား ထုတ်တော်မူ ခဲ့ကြေ သာ ထေရ်သာမဏေတို့သည် ဥပုသ်အိမ်သိမ်တို့၌ ပဝါရဏာများကို ပြုလုပ်ကြရသည်။ ပဝါရဏာဆိုသည်မှာ ဆိုအပ်သော အချိန်ကာလအတွင်း မိမိတို့၏ အပြစ်ကြီး ငယ်ရှိ ပါက ခွင့်လွှတ်တော်မူကြပါဟု မေတ္တာရပ်ခံကြခြင်းဖြစ်သည်။ သိကပ္ခဝါရင့်ထေရ်ကြီးများ ကလည်း ထိုနည်းတူစွာ အပြစ်ရှိက ခွင့်လွှတ်ကြ ပါဟု ခွင့်ပန်လေ့ရှိကြ ပါ သည်။ ထို့အတူကို ယူလျက် လူ-ဥပါသကာဒါယကာများကလည်း ထိုလရာသီတွင် သက်ကြီးဝါရင့်တို့ထံ မှောက်သို့သွားရောက်၍ ကန်တော့ ခြင်း အလေ့ အထပြု ခဲ့ကြ ခင်း ဖြစ်သည်။
မြင်းမိုရ်ပွဲ
သီတင်းကျွတ်လ၌ မြို့ရွာတစ်ဝန်း မီးထွန်းပွဲတော်ကြီးကို ခြိမ့်ခြိမ့်သဲမျှ ကျင်းပကြသည်။ ထိုမီးထွန်းပွဲကို မြင်းမိုရ်ပွဲဟူ၍လည်းကောင်း၊ တာဝတိံသာ ပွဲဟူ၍ လည်းေ ကာင်း ခေါ်ဝေါ်ကြသည်။ မြင်းမိုရ်ပွဲဖြစ်ပေါ်လာခြင်းမှာ မြတ်စွာဘုရားသခင်သည် ဝါတွင်းသုံးလ ပတလုံး တာဝတိံသာနတ်ရွာ၌ သီတင်းသုံး၍ မယ်တော်သန္တုဿီ တ နတ်သားအား အဘိဓမ္မာဒေသနာတော်ကို ဟော ကြေားတော်မူပြီးလျှင် လူ့ပြည်ဖြစ်သော သက်ာဿနဂိုရ် ပြည်သို့ သက်ဆင်း တော်မူခြင်းကို အကြောင်းပြု၍ဖြစ် သည်။ ထို့ကြောင့် သီတင်းကျွတ်လပြည့် နေ့ကို အဘိဓမ္မာအခါတော်နေ့အဖြစ် သတ်မှတ်ကျင်းပခြင်းလည်းဖြစ်သည်။
သီတင်းကျွတ်လပြည့်ကျော် တစ် ရက်နေ့တွင် မြတ်စွာဘုရား လူ့ပြည်သို့ သက်ဆင်းသည်ကို ရည်စူး၍ မင်းရင်ပြင်တွင် မြင့်မိုရ်တောင်ကို ကိုယ်စားပြုသော မြင့် မားသောြ ပဿဒ်ကြီးကို ဆောက်လုပ်၍ လှေကားသုံးသွယ်ဆင်ယင်ပြီးလျှင် ဆီမီးထွန်းပူဇော်ခဲ့ကြသည်။ သီတင်းကျွတ်ပွဲတော်များတွင် ရှေး ခေတ် ကစာဆိုတော် မယ်ခွေ ၏ အံချင်း ပါစကားအရ ” ရွှေဆင်လှူတဲ့မီးပူဇော်ပွဲ” လည်းရှိကြောင်း သိရသည်။ လောကဗျူ ဟာကျမ်းခေါ် အင်ရုံစာတမ်း၌ ယင်းရွှေ ဆင်လှူပွဲ အကြောင်းရေး သား ထားပြီး သာလွန် မင်းတရားကြီးလက်ထက်က စတင်ခဲ့သည်ဟုဆိုထားသည်။ သီတင်းကျွတ်လဆန်း ၈ရက်နေ့မှစ၍ လပြည့် နေ့ နံနက်တိုင်အောင် ရွှေဆင်ရုပ်လေး ရုပ်နှင့် တကွ ဆီမီး တို့ကို ရာဇမဏိ စူဠာ ဘုရားမှာ ထွန်းညှိပူဇော်ခဲ့ကြကြောင်းလည်း သိရသည်။သီတင်းဝါလကျွတ်သောအခါ၌ လူတို့၏ ဓလေ့အတိုင်း အိမ်ရာ ထောင်ခြင်း ကို ပြုကြသဖြင့် သီတင်းကျွတ်လျှင် မင်္ဂလာပွဲများ ကျင်းပလေ့ရှိသည်။
0 comments:
Post a Comment