သင်ဆရာ၊ မြင်ဆရာတွေရဲ့ ကျေးဇူးဂုဏ်အင်ကို ညွှန်းဆိုတဲ့အလှမယ် ခင်ရတနာဟိန်း


Miss Myanmar World 2014 ပြိုင်ပွဲမှာ 1st Runner Up ရရှိခဲ့တဲ့ ခင်ရတနာဟိန်းက အသက် ၁၈ နှစ် ရှိပြီး Bellerbys College (A) Level, Humanities Brighton, UK Excel-lent Arts School မှာ ပညာသင်ကြားနေသူဖြစ် ကြောင်းသိရပါတယ်။ Miss Myanmar World 2014 ပြိုင်ပွဲ မှာ သရဖူဆုနဲ့ လွဲခဲ့ပြီး ၁ျအ 1st Runner Up ဆုရှိသလို Miss Personality ဆုကိုလည်း ရရှိခဲ့ပါတယ်။ အခုလို ဆုရရှိတဲ့အတွက် သူ့ရဲ့သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးကို ကျေးဇူးတင်ကြောင်းကိုလည်း ခင်ရတနာဟိန်းက အခုလိုပြောကြားခဲ့ပါတယ်။

Miss Myanmar World 2014 ပြိုင်ပွဲဝင်ဖြစ်ပုံ

Miss Myanmar World 2014 ပြိုင်ပွဲကို ဝင်ပြိုင်ရတဲ့ အဓိကအကြောင်းအရင်း သုံးချက်ရှိပါတယ်။ ပထမတစ်ချက်ကတော့ မြန်မာပြည်က ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့ အတွက် မြန်မာ့ယဉ်ကျေးမှုနဲ့ မြန်မာအမျိုးသမီးတွေရဲ့ နေထိုင်မှုပုံစံကို ကမ္ဘာကသိသွားပြီး ကမ္ဘာ့အလယ်မှာ မြန်မာဆို တာကို သေချာမှတ်မိ သွားအောင် ပြောပြချင် တာ ပါ။ဒုတိယအချက်ကတော့ ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရင် စင်ကာပူ၊ ယိုးဒယားစတဲ့နိုင်ငံတွေမှာ Camp ဝင်ရမှာဆိုတော့ ဟိန်းအနေနဲ့ကလည်း အဆင်ပြေ မယ် ထင် တယ်။ ဘာလို့လဲဆိုတော့ ဟိန်းကငယ်ငယ်ကတည်းက စင်ကာပူမှာ ကျောင်းတက်လာတယ်။ ယိုးဒယားဘာသာ စကားအနေနဲ့ဆိုရင်လည်းရင်းနှီးတယ်။ အခုလက်ရှိ က လည်း UK မှာ ကျောင်းတက်နေတာဆိုတော့ တကယ်လို့ UK မှာ ပြိုင်ပွဲဝင်ရမယ်ဆိုရင် ဟိန်းအတွက်လည်း အဆင်ပြေမယ်လို့ထင်တယ်လေ။ တတိယအချက် ကတော့ ဒီလိုမျိုး Miss ပြိုင်ပွဲတွေကိုဝင်ပြိုင်ပြီး ဆုတွေရဖို့ကတော့ ဟိန်းအနေနဲ့ အိပ်မက်တောင်မမက်ဖူးပါဘူး။ ဟိန်းရဲ့အစ်မအကြီးဆုံးက ဒီ Miss Myanmar World 2014ပြိုင် ပွဲလေးရှိတယ်ဆိုပြီးပြောတယ်။ ပြီးတော့ ဝင်ပြိုင်ကြည့်ပါလားလို့ပြောတော့ ဟိန်းလည်းစိတ်ဝင်စား ပြီးဝင်ပြိုင်ဖြစ်သွားတာပါ။

ပံ့ပိုးပေးတဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ

အခုလိုဆုတွေရရှိအောင် အဓိကပံ့ပိုးကူညီပေးကြတဲ့သူတွေကတော့ မိဘနှစ်ပါးနဲ့ အစ်မတွေပါပဲ။ ပြီးတော့ ဟိန်းက အနုပညာအသိုင်းအဝိုင်းကလည်းမဟုတ်ဘူးလေ။ ဒီ ပြိုင်ပွဲကိုလည်း အစိမ်းသက်သက် ဝင်ရောက်ယှဉ်ပြိုင်ရတာဆိုတော့ လက်ဦးဆရာရယ်လို့တော့ မရှိပါဘူး။ ပြိုင်ပွဲဝင်နေစဉ်ကာလအတွင်းမှာပဲ ဟိန်းနဲ့အတူပြိုင်ပွဲဝင်ခဲ့တဲ့ အစ်မတွေ၊ ညီမတွေကလည်း ဟိန်းကို သင်ပြပေးတယ်။ Trainer ဖြစ်တဲ့ Mr. Brian ကလည်း သင်ပေးတယ်။ ပြီးတော့ ဟိန်းကငယ်ငယ်တုန်းက ဘဲလေးအက က တယ် လေ။ အဲဒီတော့ Talent Show မှာပြဖို့ ဘဲလေးအကပြန်ကျင့်တုန်းကလည်း ပြန် Train ပေးတဲ့ Trainer Ian ကလည်း လေ့ကျင့်ပေးပါတယ်။ တခြား မြင်ဆရာ၊ သင်ဆရာ၊ ကြားဆရာတွေလည်း ရှိပါတယ်။ ဟိန်းက အဲဒီဆရာတွေ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းစီကို အထူးပဲ ကျေးဇူးတင်ပါတယ်ရှင့်။

အားပေးတဲ့ပရိသတ်များကို ကျေးဇူးတင်

နောက်ဆုံးပြိုင်ပွဲမှာ ဟိန်းကို Miss ရစေချင်တဲ့ ပရိသတ်တွေ အားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်။ အစတုန်းက ဟိန်းထင်တာက ဟိန်းက မျက်နှာသစ် လည်းဖြစ် တဲ့ အတွက် ဟိန်းကိုအားပေးတဲ့ ပရိသတ်မရှိ လောက်ဘူးပဲ ထင်ထားတာပေါ့နော်။ တကယ်တမ်းတော့ တကယ့်ကိုအားပေးတဲ့ ဟိန်းရဲ့ အမာခံပရိသတ်တွေရှိတဲ့အတွက် တ အားလည်း ဝမ်းသာပီတိဖြစ်မိပါတယ်။ ပရိသတ်တွေအားလုံးလည်း ကျန်းမာပါစေ၊ လိုအင်ဆန္ဒပြည့်ဝကြပါစေလို့လည်း ဟိန်းကနေ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေး ပါ တယ်ရှင်။

0 comments:

Post a Comment