ဆက်စီပုံစံ မလွှဲမရှောင်သာ ရိုက်ရရင်တောင် အရမ်းအဖော်အချွတ် မရိုက်ဘူးလို့ ပြောတဲ့ မင်းသမီး


ပရိသတ်က ဆက်စီပုံစံ မရိုက်ရန် အကြံပြုသော်လည်း ဇာတ်ဆောင်စရိုက် လိုအပ်ချက်အရသာ ဆက်စီပုံစံ ရိုက်ကူးမည်ဖြစ်ပြီး ပရိသတ် အမြင်တွင် အဆင်ပြေစေမည့် ပုံစံမျိုးသာ ရိုက်ကူးမည်ဟု သွန်းဆက် က ပြောသည်။

‘‘ပရိသတ်တွေက ဆက်စီ ပုံစံတွေ မရိုက်ပါနဲ့။ Cute ပုံစံနဲ့ပဲ လိုက်တယ်လို့ ပြောကြတယ်။ ဆက်စီပုံစံကို ကာရိုက်တာ လိုအပ်ချက်အရ မလွှဲမရှောင်သာ ရိုက်ရရင်တောင် အရမ်းအဖော် အချွတ်မရိုက်ပါဘူး’’ဟု ၎င်းက ပြောသည်။


ခေါင်းဆောင် မင်းသမီး အနေဖြင့် ဇာတ်ကားများ ရိုက်ကူးလာရသော်လည်း ရုပ်ရှင်ဇာတ်ကားများတွင် စီနီယာအစ်ကို၊ အစ်မများ၏ သရုပ်ဆောင်မှုများကို ကြည့်ရှုသည့်အချိန်တိုင်း ကိုယ့်ကိုယ်ကိုယ် အများကြီးကြိုးစားရန် လိုအပ်သည် ဟု မြင်ကြောင်း သွန်းဆက် က ပြောသည်။

လတ်တလော အနုပညာ လှုပ်ရှားမှုအဖြစ် ဇေရဲထက်နှင့် ဟာသကားတစ်ကား ရိုက်ကူးနေပြီး ယင်းဇာတ်ကား ရိုက်ကူးပြီးပါက လူမင်းနှင့် ဆက်လက်ရိုက်ကူး သွားမည်ဟု ဆိုသည်။ ရုပ်ရှင်ဇာတ်ကားအနေဖြင့် ယခုနှစ်အတွင်း ရိုက်ကူးရန် လက်ခံထားခြင်းမရှိဘဲ ၂၀၁၅ မှသာ ရုပ်ရှင်ရိုက်ကူးမည်ဟု သွန်းဆက် က ပြောသည်။

0 comments:

Post a Comment