အင်တာနက်မှာ ပျံ့နှံ့နေတဲ့ အဖော်အချွတ်ဓါတ်ပုံတွေနဲ့ ပတ်သက်ပြီး Google ကို ဒေါ်လာ သန်းတစ်ရာ လျော်ကြေးတောင်း အမှုဖွင့် မယ်လို့ ခြိမ်းခြောက်ထား



အားလုံးသိထားကြတဲ့အတိုင်းပဲ အရင်ရက်တွေတုန်းက အခိုးခံရပြီး အင်တာနက်မှာ ပျံ့နှံ့နေတဲ့ သရုပ်ဆောင် မင်းသမီးတွေ၊ မော်ဒယ်တွေ ၊ အားကစားသမ တွေ ရဲ့ အဖော်အချွတ်ဓါတ်ပုံတွေနဲ့ ပတ်သက်ပြီး တာဝန်ယူထားတဲ့ ရှေ့နေတွေက Google ကို ဒေါ်လာ သန်းတစ်ရာ လျော်ကြေးတောင်း အမှုဖွင့်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ 

Jennifer Lawrence ရဲ့ ဟောလီးဝုဒ်ရှေ့နေတစ်ယောက်ဖြစ်တဲ့ Marty Singer က Googe ရဲ့ အရာရှိတွေဖြစ်တဲ့ Larry Page နဲ့ Sergey Brin အပါအ၀င် အခြားလူတွေကို အမျိုးသမီးတွေကို အသုံးချပြီး သန်းပေါင်းများစွာ အကျိုးအမြတ်ရအောင် ပြုလုပ်တယ်လို့ စွပ်စွဲပြီး စာတစ်စောင်ပို့ခဲ့တယ်လို့ သိရပါတယ်။

အကယ်၍ ထို ဓါတ်ပုံတွေကို Youtube နဲ့ Blogspot အပါအ၀င် Google အခြေစိုက် ၀က်ဘ်ဆိုက်တွေကနေ မဖယ်ရှားပေးပါက ထိခိုက်နစ်နာမှု တွေအတွက် ဒေါ်လာ သန်းတစ်ရာထက် ပိုနိုင်တဲ့ လျော်ကြေး ရရှိစေရန် တရားစွဲဆိုမယ်လို့ ခြိမ်းခြောက်ထားတာဖြစ်ပါတယ်။

ထိုဓါတ်ပုံတွေဟာ ဓါတ်ပုံပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ကောက်ကျစ်တဲ့သူတွေ က တရားမ၀င် ရယူထားပြီး တရားလိုတွေရဲ့ သီးခြားအခွင့်အရေးနဲ့ အခြေခံလူ့ ယဉ်ကျေးမှု ကို အကြမ်းဖက်ဖို့ ခိုးယူခံထားရတာ တွေဖြစ်တယ်ဆိုတာ Google ကသိပါတယ်။ ဒါပေမယ့် Google ဟာ ထို အကြမ်းဖက်မှုတွေကို တားမြစ်ဖို့နဲ့ Goolge Search Results တွေမှာ ဓါတ်ပုံတွေကို ကန့်သတ်ဖို့ မလုပ်ဆောင်သေးဘူး လို့ Singer ကဆိုပါတယ်။

ထို ပျံ့နှံ့နေတဲ့ ဓါတ်ပုံတွေထဲမှာ Jennifer Lawrence၊ Kate Upton ၊Emily Browning၊ Amber Heard နဲ့ အခြား သရုပ်ဆောင်တွေပါဝင်နေပါတယ်။

Ref:starpulse.com

0 comments:

Post a Comment