IS စစ်သွေးကြွတို့၏ ဖမ်းဆီးခြင်း ခံထားရသည့် ဗြိတိန်လူမျိုး အကူအညီပေးရေး ဝန်ထမ်း အလန်ဟန်းနင်းကို ခေါင်းဖြတ်သတ်လိုက်သည့် ဗီဒီယိုကို IS တို့က ယမန်နေ့က လွှင့်တင်ခဲ့သည်။ ဟန်းနင်းကို ခေါင်းဖြတ် ဗီဒီယိုများကြောင့် ကျော်ကြားလာသည့် သားသတ်သမား ဂျီဟတ်ဒီဂျွန်ကပင် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

အလန်ဟန်းနင်းကို မသတ်ဖြတ်မီ ခြိမ်းခြောက်မှု ပြုလုပ်နေသည့် ဂျီဟတ်ဒီဂျွန်။ (ဓာတ်ပုံ - Daily Mail)
သတ်ဖြတ်ခြင်း မခံရမီတွင် အရိုးပေါ် အရေတင်ကာ ပင်ပန်းနေဟန် ပေါက်နေသည့် မစ္စတာ ဟန်းနင်းက အီရတ်ရှိ IS တို့အပေါ် တိုက်ခိုက်ရန် ဆုံးဖြတ်သည့် ဗြိတိန် ပါလီမန်အပေါ် အပြစ်တင်သည့် ပြောကြားမှု အချို့ကို ဂျီဟတ်ဒီ ဂျွန်၏ ဖိအားပေးမှုကြောင့် ပြုလုပ်ခဲ့ရ သေးသည်။
အသက် ၄၂ နှစ်အရွယ်ရှိ ကလေးနှစ်ဦး၏ ဖခင် အလန်ဟန်းနင်းသည် ဒုက္ခသည်များကို စာနာထောက်ထားမှုဖြင့် အကူအညီပေးရေး အဖွဲ့အစည်း တစ်ခု၏ ၀န်ထမ်းတစ်ဦး ဖြစ်ပြီး ယင်းကို လွန်ခဲ့သည့်နှစ် ဒီဇင်ဘာ ၂၆ ရက်က ဆီးရီးယားရှိ ဒုက္ခသည်များကို အထောက်အပံ့ ပစ္စည်းများ ပေးအပ်ရန် အလာမှာပင် လေဆိပ် အရောက်၌ ပြန်ပေးဆွဲ ခံခဲ့ရခြင်း ဖြစ်သည်။
သတ်ဖြတ်ခြင်း မခံရမီတွ် မစ္စတာ ဟန်းနင်းက "ကျုပ်က အလန်ဟန်းနင်းပါ။ ခင်ဗျားတို့ ဗြိတိန် ပါလီမန်ရဲ့ IS အဖွဲ့ကို တိုက်ခိုက်မယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် ဗြိတိန်သား တစ်ယောက်ဖြစ်တဲ့ ကျုပ်က ဒီတန်ဖိုးကို ပေးရတော့မယ်"ဟု ပြောကြားခဲ့သည်။ ထို့အတူ သားသတ်သမား ဂျီဟတ်ဒီဂျွန် ကလည်း "ဒေးဗစ်ဟိန်း (ဗြိတိန် နိုင်ငံသားများ ထဲမှ ပထမဆုံး ခေါင်းဖြတ် ခံရသူ) ရဲ့ သွေးတွေဟာ ခင်ဗျားလက်မှာ ပေနေတယ် ကင်မရွန်း (ဗြိတိန် ၀န်ကြီးချုပ်)၊ ခုတော့ အလန်ဟန်းနင်းလည်း ပါလာပြီ။ အလန်ရဲ့ သွေးတွေက ဗြိတိန်ပါလီမန်မှာ စွန်းထင်းပြီ"ဟု ပြောကြားခဲ့သည်။
ယခုဗီဒီယိုတွင်လည်း ယခင် ဗီဒီယိုများ နည်းတူ ခေါင်းဖြတ်ခြင်းကို ပြသခဲ့ခြင်း မရှိသော်လည်း ခေါင်းဖြတ်ရန် အတွက် ဂျီဟတ်ဒီဂျွန်က အနားကပ်သွား ပုံနှင့် မြေပေါ်တွင် လဲကျနေသည့် ဟန်းနင်း၏ သက်မဲ့ ခန္ဓာတို့ ပါဝင်သည်။
Ref: Daily Mail
Mizzima
Yangon
0 comments:
Post a Comment