တောင်တက်သမားနှစ်ဦးရှာဖွေမှု ခေတ္တရပ်ဆိုင်းပျောက်ဆုံးရဟတ်ယာဉ် ရှာဖွေမှု ထူးခြားမှုမရှိသေးဟုဆို


တောင်တက်သမားနှစ်ဦးရှာဖွေမှု ခေတ္တရပ်ဆိုင်းပျောက်ဆုံးရဟတ်ယာဉ်
ရှာဖွေမှု ထူးခြားမှုမရှိသေး

ဆီးနှင်းကျဆင်းမှုများလာသည့်အတွက် ပျောက်ဆုံးတောင်တက်သမားနှစ်ဦး
အားရှာဖွေမှုကိုခေတ္တရပ်ဆိုင်းထားကြောင်းနှင့်ပျောက်ဆုံးရဟတ်ယာဉ်ရှာဖွေ
မှုမှာလည်းထူးခြားမှုတစ်စုံတစ်ရာမရှိသေးကြောင်းထူးဖောင်ဒေးရှင်းထောက်
ပံ့ရေးအဖွဲ့၏ ရန်ကုန်တာဝန်ခံကိုဖြိုးကိုကိုသက်က အောက်တိုဘာ ၃ ရက်၌ 
အတည်ပြု ပြောဆိုသည်။

"အပြီးရပ်ဆိုင်းတာတော့မဟုတ်သေးပါဘူး။ဆီးနှင်းတွေစတင်ကျနေပြီဖြစ်လို့ 
ရှာဖွေရခက်ခဲလာတယ်။ ဒါကြောင့် လိုအပ်တဲ့ရိက္ခာနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ
ကို ပို့ဆောင်ပေးနေပါတယ်"ဟု၎င်းကပြောဆိုခဲ့သည်။ရဟတ်ယာဉ်ရှာဖွေမှုတွင် 
တပ်မတော်(လေ)နှင့် ထူးဖောင်ဒေးရှင်း၏ ကိုယ်ပိုင်ရဟတ်ယာဉ်နှစ်စင်းဖြင့်ရှာ
ဖွေလျက်ရှိသော်လည်း ထူးခြားမှုတစ်စုံတစ်ရာမရှိသေးကြောင်းသိရသည်။

ကယ်ဆယ်ရေးအတွက် လိုအပ်ပါက ယခုလက်ရှိ ကယ်ဆယ်နေသည့်အဖွဲ့များ
အပြင် အခြားနိုင်ငံများမှ ကယ်ဆယ်ရေးအဖွဲ့များကိုလည်းဆက်သွယ်ထားသည်
ဟုဆက်လက်ပြောဆိုခဲ့သည်။လက်ရှိတွင်ဂျပန်နိုင်ငံမှခါကာဘိုရာဇီတောင်တက်
ရန် ရောက်ရှိနေသည့်တောင်တက်အဖွဲ့မှာတဟွမ်ဒမ်းကျေးရွာသို့အောက်တိုဘာ 
၎ ရက် (ယနေ့) တွင်ရောက်ရှိမည်ဖြစ်သည်။ ယင်းအဖွဲ့သည် မြေပြင်ကယ်ဆယ်
ရေးလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်သည်။
စံတော်ချိန်

0 comments:

Post a Comment